အဖော်တွေ ပါလေမှ။
သစ်ပင်တွေ သောင်ခြေကမ်း
စိမ်းလန်းလို့ လှ။
ယမကာ ရီတီတီ
ဝီစကီရဲ့ ရသ။
အဖော်မပါ တယောက်တည်း
အကျည်းတန်လှ။
စိန်ရွှေငွေ အိမ်တွေ
ပိုင်ပေသည် မှန်စွ။
တစ်ကိုယ်တော် ပျော်မသိ
အဖော်မရှိရင် ပျေုာ်သည်မသိ
နတ္ထိ သုည။
တစ်ကိုယ်ကောင်း စိတ်အကြံ
မှန်သည်ဟု မဆိုရ။
အများနှင့် အတူ
သူထူရင် ကိုယ်ထ
ကိုယ်ထူရင် သူထ
လူ့ဘ၀ အလှ…။ ။
*** တင်မိုး ***
(၂၄၊ ဇွန်၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
ဘ၀ရဲ့ ရဲဘော်
အဖော်တွေ ပါလေမှ။
သစ်ပင်တွေ သောင်ခြေကမ်း
စိမ်းလန်းလို့ လှ။
ယမကာ ရီတီတီ
ဝီစကီရဲ့ ရသ။
အဖော်မပါ တယောက်တည်း
အကျည်းတန်လှ။
စိန်ရွှေငွေ အိမ်တွေ
ပိုင်ပေသည် မှန်စွ။
တစ်ကိုယ်တော် ပျော်မသိ
အဖော်မရှိရင် ပျေုာ်သည်မသိ
နတ္ထိ သုည။
တစ်ကိုယ်ကောင်း စိတ်အကြံ
မှန်သည်ဟု မဆိုရ။
အများနှင့် အတူ
သူထူရင် ကိုယ်ထ
ကိုယ်ထူရင် သူထ
လူ့ဘ၀ အလှ…။ ။
*** တင်မိုး ***
(၂၄၊ ဇွန်၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
No comments:
Post a Comment