အဖြစ်ရိုင်းတာတွေ ရှိသေးသည်။
စိတ်နေက ကျဉ်းမြောင်းတော့
သတင်းအပေါင်းကို အမှောင်ချ
အကောင်ပြလို့တောင်မှ အရိပ်မထင်နိုင်အောင်
ပိတ်ပင်မှုတွေ သံကွန်ချာဆောင်း
ဒေါင်းရိပ် ဒေါင်းလံကို ရိုက်ချိုး
ဓားမိုးတဲ့ တိုင်းပြည်…။
**တကယ့် အသစ်
၂၁-ရာစုသို့ ဦးတည်
အထူးတလည် လွတ်လပ်လာတဲ့
မဟာ ခေတ်ကြီး…။
**ဒီခေတ်ထဲကျမှ
အတင့် ရဲလှချည်လား
အဆဲအဆို အကန်အကျောက်တွေနဲ့
အမှန်ပျောက်အောင် လုပ်ပြလို့
ဒုက္ခအပြတ် မပြီးနိုင်ဘု
အယုတ္တ အနတ္တခရီး…။ ။
** တင်မိုး **
(၂၂၊ ဇွန်လ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
**ခေတ်သမိုင်းမှာလဲ
အဖြစ်ရိုင်းတာတွေ ရှိသေးသည်။
စိတ်နေက ကျဉ်းမြောင်းတော့
သတင်းအပေါင်းကို အမှောင်ချ
အကောင်ပြလို့တောင်မှ အရိပ်မထင်နိုင်အောင်
ပိတ်ပင်မှုတွေ သံကွန်ချာဆောင်း
ဒေါင်းရိပ် ဒေါင်းလံကို ရိုက်ချိုး
ဓားမိုးတဲ့ တိုင်းပြည်…။
**တကယ့် အသစ်
၂၁-ရာစုသို့ ဦးတည်
အထူးတလည် လွတ်လပ်လာတဲ့
မဟာ ခေတ်ကြီး…။
**ဒီခေတ်ထဲကျမှ
အတင့် ရဲလှချည်လား
အဆဲအဆို အကန်အကျောက်တွေနဲ့
အမှန်ပျောက်အောင် လုပ်ပြလို့
ဒုက္ခအပြတ် မပြီးနိုင်ဘု
အယုတ္တ အနတ္တခရီး…။ ။
** တင်မိုး **
(၂၂၊ ဇွန်လ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
No comments:
Post a Comment