*** လမစေ့မီမွေးဖွားမှုသည် မျိုးရိုးကြောင့်ဖြစ်ရဟုဆို ***
(လန်ဒန်၊ ဇွန်လ ၂-ရက်)
လမစေ့မီမွေးဖွားခြင်းသည် မျိုးရိုးဗီကြောင့်ဖြစ်ရခြင်းဖြစ်ကြောင်း စကော့တလန်သုတေသီများက လေ့လာတွေ့ရှိထားသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ညီအစ်ကို မောင်နှမများထဲမှ လမစေ့ဘဲမွေးဖွားသူရှိလျှင် လမစေ့မီမွေးဖွားရန် ၅၀-ရာခိုင်နှုန်းရှိကြောင်း သုတေသီများက ပြောကြားသည်။ စကော့တလန် အဘာဒင်းတက္ကသိုလ်မှ သုတေသနအဖွဲ့သည် စကော့တလန် မိခင်နှင့် ယင်းတို့၏ သမီး ၂၂၃၄၃-ဦးအား ဆန်းစစ်လေ့လာကြည့်ရာမှ ဖော်ပြပါအချက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဤသုတေသနပြုလေ့လာတွေ့ရှိချက်ကြောင့် လမစေ့မီမွေးဖွားခြင်းကို ကာကွယ်တားဆီးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်မည်ဟု ဆိုသည်။ လမစေ့မီမွေးဖွားခြင်းသည် မွေးဖွားလာသောကလေးမှာ ချူချာပြီး အသက်ဆုံးရှုံးနိုင်ကြောင်း၊ ကျန်းမာရေးလည်း ရေရှည်ကောင်းနိုင်မည်မဟုတ်ကြောင်း ၄င်းတို့က ဆိုသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment