အလယ်တန်းစာသင်ကျောင်းတစ်ကျောင်း၌ တက်ရောက်စာသင်နေသော သားဖြစ်သူအား မိခင်ဖြစ်သူက အောက်ပါအတိုင်း မေးမြန်းလေသည်။
မိခင်။ ။ သားတို့ လပတ်စာမေးပွဲဖြေပြီးပြီလား။
သား။ ။ ဟုတ်ကဲ့။
မိခင်။ ။ အောင်စာရင်းကော သိရပြီလား။
သား။ ။ ဟုတ်ကဲ့။
မိခင်။ ။ သားတို့ အောင်စာရင်းကတ်ပြားတွေ မပေးသေးဘူးလား။
သား။ ။ တခြား ကျောင်းသားတွေတော့ ပေးနေတာတွေ့တယ်။
မိခင်။ ။ သားရဲ့ အောင်စာရင်းကတ်ပြားရော မရသေးဘူးလား။
သား။ ။ သားကိုတော့ မပေးဘူး။
မိခင်။ ။ ဘာဖြစ်လို့လဲ။
သား။ ။ မေမေ့ကိုပဲပေးမယ်တဲ့၊ မေမေကျောင်းကို ကိုယ်တိုင်လာခဲ့ပါတဲ့။
မိခင်။ ။ `ဟေ´
မှတ်ချက်။ ။ ဘ၀အမောပြေစာမျက်နှာမှ ကူးယူဖော်ပြသည်။
**(ဘ၀အမောပြေ စာမျက်နှာ)**

No comments:
Post a Comment