ဘောလုံးလောက၏ လူဆိုးတစ်ဦးဖြစ်သူ ဂျိုးဘာတန်တစ်ယောက် အရက်ဘားတွင် မှိုင်တွေစွာထိုင်နေစဉ် သူ၏ သူငယ်ချင်းရောက်လာပြီးမေးသည်။
`မင်းကြည့်ရတာ စိတ်မကောင်းဖြစ်နေသလိုပဲ။ ဘာဖြစ်တာလဲ´
`အေးကွာ… ငါ့အမေဆုံးသွားလို့… ငါ့အတွက်ဒေါ်လာ ၁-သောင်း ထားခဲ့တယ်တဲ့လေ´

`စိတ်မကောင်း ပါဘူးကွာ´
`ပြီးခဲ့တဲ့လတုန်းကလည်း ငါ့အဖေဆုံးသွားတယ်။ ငါ့အတွက် ဒေါ်လာ ၅-သောင်းဘဏ်မှာ စုဆောင်းပေးထားတယ်တဲ့´
`ဆိုးလိုက်တဲ့ကံကွာ´
`ရှေ့တစ်လတုန်းက ဆုံးသွားတဲ့ ငါ့အဒေါ်ကတော ငါ့ကိုဒေါ်လာ ၁-သိန်းအမွေပေးခဲ့သေးတယ်။´
`ဟာ တကယ်ဝမ်းနည်းစရာပဲ ၃-လအတွင်း မိသားစုဝင် ၃-ဦးဆုံးရှုံးခဲ့ရတာပဲ´
ဤတွင် ဘာတန်က ရှိုက်ကြီးတငင်ငိုကြွေးကာ…
`ဒီလတော့ ဘယ်သူမှ မဆုံးဘူးကွ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment