တောင်အာဖရိကနိုင်ငံ ဒူရာဘင်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်နှင့် ဆွစ်ဇာလန်ပွဲတွင် လက်ရှိလုံခြုံရေး အင်အားအပြင် အထူးလုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀-ကို ထပ်မံချထားခဲ့ရကြောင်း၊ ကွင်းတွင်းကွင်းပြင် ပရိသတ်များ အထူးများပြားခဲ့၍ ဖြစ်ကြောင်း ဖီဖာအရာရှိတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
** ၀တ်စားဆင်ယင်မှုလွန်ကဲသည့် ပရိသတ်များတားမြစ် **
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်အားပေးသည့် ပရိသတ်များအနက် အမျိုး သမီး ပရိသတ် ဒါဇင်ပေါင်းများစွာတို့သည် မလုံမခြုံဝတ်စားဆင်ယင်မှုလွန်ကဲ့သည့်အတွက် ဖီဖာက ထိုသို့ အ၀တ် အစားဖြင့် ကြည့်ရှုအားပေးခွင့် ပြုတော့မည်မဟုတ်ကြောင်း ဇွန်လ ၁၆-ရက်နေ့၌ သတင်းထုတ် ပြန်သည်။ (အင်တာနက်)

** ဖီဖာ၏ ဆုံးဖြတ်ချက် ပေါ်တူဂီနည်းပြ ဘ၀င်မကျ **
အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာအား ပတ်တီးစည်းပြီး ယှဉ်ပြိုင်ကစားခွင့်ပြုခဲ့သည့် ဖီဖာ၏ ဆုံးဖြတ်ချက်ကို မိမိဘ၀င်မကျကြောင်း၊ ဒရော့ရော ပြိုင်ဘက်အသင်းမှ ကစားသမားများအတွက်ပါ အန္တရာယ်များကြောင်း ပေါ်တူဂီနည်းပြ ကွိရော့ဇ်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဇွန်လ ၁၆-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ပွဲပယ်ခံထားရသော ဘောလုံးသမားများစာရင်း ထုတ်ပြန် **
၂၀၁၀ ကမ္ဘာ့ဖလားပွဲ၌ ဇွန်လ ၁၆-ရက်နေ့အထိ ကစားပြီးခဲ့သည့်ပွဲများအပြီး အနီကတ်ထိပြီး ပွဲပယ်ပြစ်ဒဏ်ခံထားရသော ဘောလုံးသမားများကို ဖီဖာက ထုတ်ပြန်ခဲ့ရာ သြစတြေးလျအသင်းမှ တင်ကာဟေး၊ အယ်လ်ဂျီးရီးယားအသင်းမှ ဟက်ဇ်ဇယ်လ်၊ ဆားဘီးယားအသင်းမှ လူကိုဗစ်နှင့် ဥရုဂွေးအသင်းမှ လိုဒီရီရိုတို့ ဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာဟိန်း **
** စပိန်နှင့် ဆွစ်ဇာလန်ပွဲ လုံခြုံရေးအင်အား တိုးချခဲ့ရ **

No comments:
Post a Comment