** ကလေးငယ်များ ကျန်းမာရေးသတိပြု ဆေးနှင့်ရောဂါ သဟဇာတဖြစ်ရန်ဂရုပြု **
(ဂျီနီဗာ၊ ဇွန်လ ၂၁-ရက်)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသက် ၁၃-နှစ်အောက် ကလေးများအား ဆေးကုသရာတွင် ပိုမိုထိရောက်မှုရှိစေ ရေးအတွက် ဆေးဝါးအမျိုးအစား ၂၄၀-ကို မည်သို့မည်ပုံ သုံးစွဲရန် အညွှန်းများပါသည့် လမ်းညွှန်ချက် တစ်ရပ်ကို ဇွန်လ ၁၈-ရက်နေ့က ထုတ်ပြန်လိုက်သည်။ ကလေးများအား ဆေးကုသရာတွင် သုံးစွဲရန် ဆေးအညွှန်းနှင့် ဆေး၏ ကောင်းကျိုး၊ ဆိုးကျိုးများ သိရှိလေ့လာပြီး ကလေးများအား တိုက်ကျွေးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်လိုက်သည့် လမ်းညွှန်ချက် မှတ်တမ်းသည် စာမျက်နှာ ၅၂၈ မျက်နှာ ပါရှိကြောင်း၊
ယင်းမှတ်တမ်းသည် ကလေးများအား ကုသရာတွင် ထိရောက်စွာ ကုသပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်အသက် ၅-နှစ်အောက်ကလေး ၈ ဒသမ ၈-သန်းတို့သည် ၀မ်းလျှောဝမ်းပျက်ရောဂါ၊ အဆုတ်ရောင် အဖျားရောဂါကဲ့သို့သော ရောဂါများကြောင့် သေဆုံးလျက်ရှိသည်။ ကုသရေး ဆရာဝန်အနေဖြင့် ရောဂါနှင့် ဆေးကုသနိုင်မှု အားနည်းချက်ကြောင့် သေဆုံးနေရခြင်းဖြစ်သည်ဟု ဆိုသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ကောင်းမြတ်သူ **
** Public Health **

No comments:
Post a Comment