ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 23, 2010

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

> ** ကာပယ်လိုနုတ်ထွက်ရန် အင်္ဂလန်ပရိသတ်များ တောင်းဆို **
အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ပွဲကစားပြီးချိန်တွင် နှစ်မှတ်သာရထားရာ အုပ်စုတက်ရေးအခက် အခဲ နှင့် ရင်ဆိုင်နေရချိန် အင်္ဂလန် ပရိသတ်များက နည်းပြကာပယ်လိုနုတ်ထွက်ပေးပါရန် အင်္ဂလန်ဘောလုံး အဖွဲ့ ချုပ်သို့ တောင်းဆိုခဲ့ကြကြောင်း ဇွန်လ ၂၁-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)

** ကင်မရွန်းနည်းပြ နုတ်ထွက်မည် **
ကင်မရွန်းအသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလားပွဲတွင် ဂျပန်ကို တစ်ဂိုး- ဂိုးမရှိဖြင့်ရှုံးပြီး ဒိန်းမတ်ကို နှစ်ဂိုး- တစ်ဂိုးဖြင့် ဆက်လက်ရှုံးခဲ့သဖြင့် ကမ္ဘာ့ဖလားပွဲတွင် ထွက်ရမည့်ကိန်းဆိုက်နေမှုကြောင့် ကမ္ဘာ့ဖလားပွဲပြီးပါက နည်းပြအ ဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ကင်မရွန်းနည်းပြ ပေါလ်လီရွန်က ဇွန်လ ၂၁-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)

** ဥရောပအသင်းများ ကမ္ဘာ့ဖလားမရနိုင်ဟု ဆို **
၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ပါဝင်ယှဉ်ပြိုင်နေကြသော အသင်းများအနက် ဥရောပအသင်းများ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခြင်းရှိမည်မဟုတ်ကြောင်း ရီရဲမက်ဒရစ်နည်းပြ မော်ရင်ဟိုက ဇွန်လ ၂၁-ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)

** ကမ္ဘာ့ဖလားပွဲတွင် ရှုံးပွဲကြုံမှုမေ့မည်မဟုတ်ဟု အီတူးပြောကြား **
၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပွဲတွင် မိမိတို့ကင်မရွန်းအသင်းနှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ရမှုနှင့် ပြိုင်ပွဲမှထွက်ရမည့် အနေအထားဖြစ်ခဲ့မှုကို မိမိဘ၀တွင် မည်သည့်အခါမျှ မေ့ပျောက်မည်မဟုတ်ဟု အီတူးက သတင်းထောက်များအား ဇွန်လ ၂၁-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)

** တင်ကာဟေး ပြန်လည်ကစားမည် **
ပွဲပယ်ပြစ်ဒဏ်ခံထားရသော သြစတြေးလျတိုက်စစ်မှူး တင်ကာဟေးသည် ဇွန်လ ၂၃-ရက်နေ့တွင် ကစားရမည့် ဆားဗီးယားပွဲတွင် ပြန်လည်ကစားမည်ဖြစ်ကြောင်း သြစတြေးလျအသင်း တာဝန်ရှိသူများက ဇွန်လ ၂၁-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)

** ကာကာ အနီကတ်သည် မဖြစ်သင့်ဟု ဒွန်ဂါပြောကြား **
အိုင်ဗရီကို့စ်အသင်းကို သုံးဂိုး- တစ်ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ကာကာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသည့်အတွက် မဖြစ်သင့်ကြောင်း၊ ကွင်းလယ်ဒိုင်လူကြီး စတီဖင်လင်နွိုင်၏ လုပ်ရပ်သည် သံသယဖြစ်ဖွယ်ကောင်းကြောင်း၊ ဘရာဇီးနည်းပြ ဒွန်ဂါက သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဇွန်လ ၂၁-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)

** ဘရာဇီးဗိုလ်စွဲမည်ဟု ပရီမီယားလိဂ်နည်းပြများ သုံးသပ် **
ဘရာဇီးအသင်း ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အနိုင်ရဗိုလ်စွဲပြီး ဖလားဆွတ်ခူးသွားနိုင်ကြောင်း၊ နည်းစနစ်ပိုင်းနှင့် တစ်ဦးချင်းစွမ်းရည်တို့ ပြိုင်ဘက်အသင်းများအား အလွယ်တကူဖြတ်ကျော်သွားနိုင်ကြောင်း ပရီမီးယားလိဂ်နည်းပြများဖြစ်သည့် ဖာဂူဆန်နှင့် အာစင်ဝင်းဂါးတို့က သုံးသပ်ပြောကြားသည်။ (အင်တာနက်)

** ကမ္ဘာ့ဖလားပရိသတ် အချို့ မူးယစ်ဆေးဝါးသုံးစွဲ **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးသော နိုင်ငံတကာမှ ပရိသတ်အချို့သည် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်ထားရှိမှုတို့ကြောင့် ဖမ်းဆီးထားရာ ဇွန်လ ၂၀-အထိ ၁၅-ဦးရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)

** စုစည်းဘာသာပြန်-အာကာဟိန်း **

** ကာပယ်လိုနုတ်ထွက်ရန် အင်္ဂလန်ပရိသတ်များ တောင်းဆို **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)