လက်ငင်းဘ၀ကို အရင်းအနှီးပြုနေ။
အထောင်းခံ အထုခံရ
ကြေမွနေပေမယ့်
အရေထူထူ နေပူပူမှာ
သံပူနဲ့ ထုထု
မမှုတဲ့ အခြေ။
မျက်ရည်ကျလဲ
တခဏပဲ
သံဝေမဆို မငိုမရှိုက်
ခေါင်းမစိုက် ဦးမခိုက်
မိုက်တယ်လို့ ဆိုချင်ဆိုကြစေ။
စိတ်ဓာတ်မကျ လက်နက်မချဘူး
ထာဝရအမှန်ကို စိတ်သန်သန် ယုံကြည်
အနာဂတ် တိုင်းပြည်ကို
မျှော်ရည်လို့ မှန်းမြင်၊ လမ်းသစ်ထွင်ပြီး
ခရီးတွင်အောင် လျှောက်လှမ်း
အောင်ပန်းဆွတ် စိတ်ဓာတ်နဲ့
ဇွဲခတ်နေတဲ့ လူထုတွေ…။ ။
** တင်မိုး **
(၂၈၊ ဇွန်လ၊ ၁၉၉၉၊ တနင်္လာနေ့၊ နံနက်ခင်း)
အနာဂတ်ကို မျှော်လင့်ခြင်းနဲ့
လက်ငင်းဘ၀ကို အရင်းအနှီးပြုနေ။
အထောင်းခံ အထုခံရ
ကြေမွနေပေမယ့်
အရေထူထူ နေပူပူမှာ
သံပူနဲ့ ထုထု
မမှုတဲ့ အခြေ။
မျက်ရည်ကျလဲ
တခဏပဲ
သံဝေမဆို မငိုမရှိုက်
ခေါင်းမစိုက် ဦးမခိုက်
မိုက်တယ်လို့ ဆိုချင်ဆိုကြစေ။
စိတ်ဓာတ်မကျ လက်နက်မချဘူး
ထာဝရအမှန်ကို စိတ်သန်သန် ယုံကြည်
အနာဂတ် တိုင်းပြည်ကို
မျှော်ရည်လို့ မှန်းမြင်၊ လမ်းသစ်ထွင်ပြီး
ခရီးတွင်အောင် လျှောက်လှမ်း
အောင်ပန်းဆွတ် စိတ်ဓာတ်နဲ့
ဇွဲခတ်နေတဲ့ လူထုတွေ…။ ။
** တင်မိုး **
(၂၈၊ ဇွန်လ၊ ၁၉၉၉၊ တနင်္လာနေ့၊ နံနက်ခင်း)
No comments:
Post a Comment