** ဆန်ဖြူ ဆန်ချော စားသုံးမှုများလျှင် ဆီးချိုရောဂါ ဖြစ်ပွားစေနိုင် **
(နယူးယောက်၊ ဇွန်လ ၁၉-ရက်)
ဆန်ဖြူ ဆန်ချောအစား ဂျုံကြမ်းပေါင်မုန့်ကို စားသုံးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားမှုမှ သုံးပုံတစ်ပုံလျော့ကျနိုင် မည်ဖြစ်ကြောင်း အမေရိကန် ကျန်းမာရေးစစ်တမ်းကောက်ယူသူများက ပြောကြားသည်။ ဆန်ဖြူ ဆန်ချော များများ စားသုံးခြင်းကြောင့် သွေးထဲတွင် သကြားဓာတ်များလာပြီး ဆီးချိုရောဂါဖြစ်ပွားလာနိုင်ကြောင်း ဟား ဗတ်သက္ကသိုလ်မှ သုတေသီများက ပြောကြားသည်။ ဆန်လုံးညိုနှင့် အခြားသော ဂျုံနှင့်လုပ်သော အစားအစာ များသည် ဂလူးကို့စ်ပါဝင်မှု နည်းသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများဖြစ်ကြောင်း ၄င်းတို့က ပြောကြား သည်။
အမေရိကန်နိုင်ငံတွင် ဆန်ဖြူ ဆန်ချော စားသုံးသော လူနှစ်သိန်းနီးပါးကို ဆီးချိုရောဂါ အဆင့် (၂)နှင့် ဆက်နွှယ်နေမှုအပေါ် အခြေခံလျက် သုတေသနပြု လေ့လာခဲ့ခြင်းဖြစ်သည်။ တစ်ပတ်လျှင် ဆန်ဖြူ ဆန်ချော ဂရမ် (၁၅၀)စားသုံးသူများထက် တစ်လ လက်ဖက်ရည်ပန်းကန် တစ်လုံးစာ စားသုံးသူများနှင့် နှိုင်းယှဉ်ကြည့်ရာ ဆန်ဖြူ ဆန်ချော စားသုံးမှုများသူမှာ ဆီးချိုဖြစ်ရန် ၁၇-ရာခိုင်နှုန်း ပိုများသည်ကို လေ့လာတွေ့ရှိရသည်ဟု ဆိုသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ကောင်းမြတ်သူ **
** Public Health **

No comments:
Post a Comment