** ဒိုင်လူကြီးများကို ပြန်လည်ဆန်းစစ်သင့်ဟု ပါရာဂွေးနည်းပြ ပြောကြား**
၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် တာဝန်ယူနေကြသော ကွင်းလယ်ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များ သည် မှားယွင်းမှုများဖြစ်ပေါ်နေရာ အသင်းများနစ်နာမှု ဖြစ်ပေါ်နေသဖြင့် ဖီဖာက ဒိုင်လူကြီးများအား ပြန်လည် ဆန်းစစ်သင့်ပါကြောင်း ပါရာဂွေးနည်းပြ မာတိနိုက ဇွန်လ ၁၉-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** နိုင်ဂျီးရီးယား နောက်တစ်ဆင့်တက်ရန် အခွင့်အရေးမရနိုင်တော့ **
နိုင်ဂျီးရီးယားအသင်းသည် ဂရိအား နှစ်ဂိုး- တစ်ဂိုးဖြင့် ရှုံးခဲံသည့်အတွက် နောက်တစ်ဆင့်တက်ရေးမှာ အခွင့် အ ရေးမရနိုင်တော့ကြောင်း နိုင်ဂျီးရီးယားနည်းပြ လာဂါဘက်က ဇွန်လ ၁၉-ရက်နေ့တွင် သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)

** မက္ကဆီကို အသင်းကို အီဗရာ ချီးကျူး **
ပြင်သစ်ကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သော မက္ကဆီကိုအသင်းကို မိမိလေးစားချီးကျူးကြောင်း၊ မိမိတို့အသင်း၏ ခြေစွမ်းအမှန်ကို သိရှိခဲ့ရပြီဖြစ်ကြောင်း ပြင်သစ်အသင်းခေါင်းဆောင် အီဗရာက ဇွန်လ ၁၉-ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ (အင်တာနက်)
** ဂျာမနီနှင့် ဆားဗီးယားပွဲတွင် ကွင်းလယ်ဒိုင်လူကြီး ဆုံးဖြတ်ချက်မှားယွင်း **
ဂျာမနီအသင်းသည် ဆားဗီးယားအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးခဲ့သောပွဲစဥင်္တွင် ကွင်းလယ်ဒိုင်လူကြီးသည် ပယ်နယ်တီပြစ်ဒဏ်ဘောနှစ်ကြိမ်ကို မိမိတိွုှ့ား အခွင့်အရေးမပေးခဲ့ကြောင်း၊ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြောင်း နည်းပြဂျိုအာချင်လိုက ဇွန်လ ၁၉-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
** အောင်ပွဲသည် မိမိတို့လက်ထဲတွင်ရှိနေကြောင်း ဗီဒစ်ပြောကြား **
ဂျာမနီအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် နိုင်ခဲ့သော ဆားဗီးယားအသင်းခေါင်းဆောင် ဗီဒစ်က မိမိတို့အသင်းသည် မည်သည့်အသင်းကိုမဆို အနိုင်ရအောင် ကစားနိုင်သည့် ခြေစွမ်းရှိကြောင်း၊ အောင်ပွဲသည် မိမိတို့လက်ထဲတွင်ရှိကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)
** ပြင်သစ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် မထိုက်တန် **
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်း၏ ခြေစွမ်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ထိုက်တန်သည့် ခြေအဆင့်အတန်းမရှိကြောင်း ပြင်သစ်မီဒီယာများက ပြင်းထန်စွာ ဝေဖန်ရေးသား ဖော်ပြခဲ့ကြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာဟိန်း **

No comments:
Post a Comment