ထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့ ၌ မြန်မာနိုင်ငံသားစီစစ်ရေးရုံးတစ်ရုံးအားလာမည့်ဇူလိုင်လတွင်ဖွင့်လှစ်
သွားမည်ဖြစ်ကြောင်းနှစ်နိုင်ငံတာဝန်ရှိသူများညှိနှိုင်းပြီးစီးလိုက်ပြီးဖြစ်ကြောင်းခုန်းဆလုသတင်းများတွင်
ဖေါ်ပြထားသည်။
မေလ၁၀ ရက်နေ့ က ထိုင်းအလုပ်သမားဝန်ကြီးဌာနအကြီးအကဲ နိုင်စုန်ဖ၀ျူးခွန်၊ရနောင်းဒုမြို့ နယ်မှူး
နိုင်ကီလိုဝပ်ဖုန်န နှင့်ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဦးအောင်သင်းနှင့်အဖွဲ့ တို့ ရနောင်းမြို့ တွင်စည်းဝေး
ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။အဆိုပါရုံးတွင် ထိုင်းဝန်ထမ်းဦးရေ ၂၀ ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ပြီး နေ့ စဉ်
မြန်မာအလုပ်သမား၈၀၀ အတွက်ယာယီပတ်စပို့ လုပ်ကိုင်ပြီးစီးနိုင်မည်ဖြစ်ကြောင်းထိုင်းနိုင်ငံဘက်ကခန်ံ့ 
့မှန်းထားသည်။အကယ်၍ ရနောင်းရုံးတစ်ခုတည်းနှင့် ပြီးစီးနိုင်မည်မဟုတ်ပါက မဲဆောက်၊နှင့်မယ်ဆိုင်မြို့ 
တို့ တွင် မြန်မာနိုင်ငံသားစီစစ်ရေးရုံးများ တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာန
တာဝန်ရှိသူကပြောသည်။
ယာယီပတ်စပို့ လုပ်ကိုင်မည့်ခရီစဉ်များချောချောမောမောဖြစ်နိုင်ရန်၊ငွေကြေးသက်သာစေရေး၊ကျမ္မာ
ရေးစောင့်ရှောက်မှုတို့ အားလူဝင်မှုကြီးကြပ်ရေးအဖွဲ့ က ဂရုစိုက်စောင့်ကြပ်သွားမည်ဖြစ်ကြောင်းဆိုသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)လုပ်ကိုင်ထားသည့်မြန်မာ
အလုပ်သမား ၁၀၇ ၉၉၉၁ ယောက်ရှိခဲ့သည်။
ယခု ယာယီပတ်စပို့လုပ်ကိုင်ရန် ဖေါင်ဖြည့်တင်ထားသူပေါင်း ၈၃၃ ၀၁၃ ယောက်၊ယာယီပတ်စပို့ ရပြီးသူ
ပေါင်း ၉၄၀၀၀နှင့် မရသေးသူပေါင်း၇၃၉ ၉၀၀ ရှိသည်။လာရောက်မှတ်ပုံမတင်သည့်သူပေါင်း ၂၄၆ ၉၇၈ ယောက်ကျနေသေးသည်။အဆိုပါတရားမ၀င်နေထိုင်သည့်သူများအား ပြည်ထဲရေးဌာနနှင့် လူဝင်မှုကြီး
ကြပ်ရေးဌာနတို့ က ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းထိုင်းလ၀ကမှပြောသည်။
ရနောင်းဒုမြို့ နယ်မှူးက ယခုကဲ့သို့ လုပ်ကိုင်ခြင်းကြောင့်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုရှိလာနိုင်မည်ဖြစ်ပြီး
နှစ်နိုင်ငံစလုံးအတွက်အကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်းထိုင်းဘာသာဖြင့်ထုတ်ဝေသည့်ခုန်ဆလု(ခေါ်)
ကြည်လင်ပြတ်သားတိကျမှုရှိသည့်သတင်းစာတွင်ဖေါ်ပြထားသည်။
**(မေ ၁၂၊ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)**

No comments:
Post a Comment