(အင်ကာရာ၊ ဇွန်လ ၁၁-ရက်)
ပင်လယ်နက်အနီး တူရကီနိုင်ငံ တူဂတ်ပြည်နယ်တွင် ဇွန်လ ၉-ရက်နေ့က တူရကီတပ်ဖွဲ့ဝင် ၅-ဦးတင်ဆောင်လာသော စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ တပ်ဖွဲ့ဝင် ၂-ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းရှိ ရုပ်သံဌာနက ကြေညာသည်။ ရဟတ်ယာဉ်သည် တူဂတ်ပြည်နယ် ကျေးလက်ဒေသအတွင်း ပျက်ကျခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပျက်ကျသည့် အကြောင်းရင်းကို မသိရသေးကြောင်း ကြေညာသည်။ (အင်တာနက်)
*** ရုရှားအစိုးရ စစ်ဘက်အတွက် ဒေါ်လာ ၁၃-ဘီလီယံ အသုံးပြုရန်စီစဉ်နေ ***
(မော်စကို၊ ဇွန်လ ၁၁-ရက်)
ရုရှားအစိုးရက ၂၀၁၁- ၂၀၂၀-ခုနှစ်အတွင်း ရုဘယ်ငွေ ၁၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၃-ဒသမ ၃ ဘီလီယံကျော်)တန်ဖိုးရှိ လက်နက်များတပ်ဆင်ရန် စီစဉ်နေကြောင်း ဗီဒိုမော့စတီနေ့စဉ် သတင်းစာက မေ ၁၅-ရက်တွင် ရေးသားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းကျဆင်း ***
ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းများ ကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်၌ ဇွန်လ ၁၁-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၁၈ ဒသမ ၃၄ ဒေါ်လာရှိခဲ့ကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အီကွေဒေါ၌ မီးတောင်ပေါက်ကွဲနိုင်မှု သတိပေး ***
အီကွေဒေါနိုင်ငံ အလယ်ပိုင်း တွန်ဂူရာဟွာမီးတောင်သည် ထပ်မံလှုပ်ရှားလျက်ရှိနေရာ မီးတောင်ပေါက်ကွဲနိုင်မှု သတိပေးချက်ထုတ်ပြန်ထားကြောင်း အီကွေဒေါအရာရှိများက ဇွန်လ ၁၁-ရက်၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အီရန်မြောက်ပိုင်း၌ ရဟတ်ယာဉ်ပျက်ကျ ***
အီရန်နိုင်ငံမြောက်ပိုင်းဆမ်နန်ပြည်နယ်တွင် ဇွန်လ ၁၁-ရက်နေ့က အီရန်လေတပ်မှ ရဟတ်ယာဉ်တစ်စင်း လေ့ကျင့်စဉ် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ လေးဦးသေဆုံးခဲ့ကြောင်း အီရန်စစ်ဘက်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- မောင်ချစ်ကြည် ***
*** တူရကီ၌ ရဟတ်ယာဉ်ပျက်ကျ ၂-ဦးသေဆုံး ***

No comments:
Post a Comment