ပွင့်နေသော ပန်းကလေးများရဲ့ ရုပ်ပုံ
ဖူးငုံလျက်နေ။
ကမ်းခြေက ပန်းတွေရဲ့ အလှ
ကြေးမုံ ပြသကဲ့သို့ အလှဝေ။
စီးဆင်းမှုလဲ မပျက်
နှစ်သက်မှုလဲ မပျောက်
နောက်ကျိခြင်းလဲ မရှိ
ပကတိ ငြိမ်သက်တဲ့ ချောင်းရေ။
စိတ်ငြိမ်ချမ်းမှ
လမ်းကို တွေ့မြင်
စီးချင်းရာ စီးနိုင်မည် အမှန်ပါပေ…။
*** တင်မိုး ***
(၂၄၊ ဇွန်၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
ကြည်လင်စွာ စီးဆင်းသော ချောင်းရေ၌
ပွင့်နေသော ပန်းကလေးများရဲ့ ရုပ်ပုံ
ဖူးငုံလျက်နေ။
ကမ်းခြေက ပန်းတွေရဲ့ အလှ
ကြေးမုံ ပြသကဲ့သို့ အလှဝေ။
စီးဆင်းမှုလဲ မပျက်
နှစ်သက်မှုလဲ မပျောက်
နောက်ကျိခြင်းလဲ မရှိ
ပကတိ ငြိမ်သက်တဲ့ ချောင်းရေ။
စိတ်ငြိမ်ချမ်းမှ
လမ်းကို တွေ့မြင်
စီးချင်းရာ စီးနိုင်မည် အမှန်ပါပေ…။
*** တင်မိုး ***
(၂၄၊ ဇွန်၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
No comments:
Post a Comment