ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 7, 2010

ရှေ့ကလူကြီးတွေဆီက သင်ခန်းစာယူပါ

> ငါးထောင်တန် ကိုင်ကြည့်ရင်းတစ်နေ့က ကျွန်တော်ရတဲ့ စာမူခထဲမှာ ကျပ်ငါးထောင်တန် ငွေစက္ကူ တစ်ချပ် ပါလာတယ်။ ငါးထောင်တန် ငွေစက္ကူကို ကိုင်ကြည့်ရင်း ‘‘တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပ၊ မောင်ဘဘေ ငါးထောင် မရသော်ကြောင့်’’ လို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း လေးချိုးကြီး တစ်ပုဒ် ရေးခဲ့သော သတိရမိသဗျာ။
၉၁ ဌာန အုပ်ချုပ်ရေးခေတ် ဗြိတိသျှ လက်အောက်ခံ ဘ၀တုန်းက ၀န်ကြီးလစာဟာ ကျပ်ငါးထောင်တဲ့ဗျ။ အဲသည် ခေတ်က ရွှေတစ်ကျပ်သား ၁၅ ကျပ်ဆိုလား ရှိနေတဲ့အချိန်မှာ ဒိုင်အာခီ အစိုးရ၀န်ကြီးက လစာ ငါးထောင်ကျပ် ဆိုတော့ ၀န်ကြီး လစာက ရွှေ ၃ ပိဿာ ကျော်မက ရနေတာပဲ။ နိုင်ငံရေး သမားတွေ မက်မယ်ဆို မက်လောက် ပေတာပဲ။ (ဒီခေတ်မှာ ရွှေ ၃ ပိဿာလောက် မပြောနဲ့၊ လက်ကိုင်ဖုန်း ၁ လုံးလောက်နဲ့ကို သတ်ကြ ပုတ်ကြဖြစ်သူတွေ ဖြစ်ခဲ့တယ်လို့ ကြားဖူးတယ်ဗျ။ ။ စကားချပ်)
‘‘မောင်ဘဘေ ငါးထောင် မရသော်ကြောင့်’’ လေးချိုးကြီး မတိုင်ခင် ဆရာကြီးမှိုင်းက အဲသည် ဦးဘဘေကိုပဲ ဘေပုရှိန် အမွှန်းတင် ကဗျာထဲမှာ ဂုဏ်ပြုခဲ့ဖူးတယ်။ ‘‘သပြေနုချိန် တင်ရန် ပန်းတွေက များပါဘိသနဲ့၊ ဘေပုရှိန် အင်္ဂလန် နန်းမြေသွား တို့ကိုဖြင့်’’ ဆိုတဲ့ထဲက ‘ဘေ’ ဆိုတာ ဦးဘဘေ၊ နောင်အခါ နိုင်ငံရေး ခေါင်းဆောင်ကြီး ဘကြီး ဘဘေလို့ ထင်ရှားလာသူ မဟုတ်လားဗျာ။ အဲ ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံပြီး ဦးဘဘေက ရွေးကောက်ပွဲဝင်၊ ၀န်ကြီး နေရာမှန်းပေမယ့် ၀န်ကြီး မဖြစ်ဘဲ ဘေးထိုင် နေရချိန်ကျတော့ ဆရာကြီးက တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပ ဆိုပြီး လှမ်းတွယ် လိုက်တာ ဦးဘဘေ အတော် ခံလိုက်ရသတဲ့။

ကျွန်တော် ဖတ်ဖူးတာကတော့ ဦးဘဘေက နောက်တော့လည်း ငါးထောင်စား ၀န်ကြီး ဖြစ်သွားတာပဲ။ သစ်တောရေးရာ ၀န်ကြီးနဲ့ ပြည်ထဲရေး ၀န်ကြီး ဖြစ်ခဲ့တယ်ဗျ။ သူဟာ မြန်မာ နိုင်ငံရေး သမိုင်းမှာ အစဉ်အလာ အလွန်ကြီးခဲ့သူ ဖြစ်ပေမယ့် ဆရာကြီးမှိုင်းက ကဗျာရေးပြီး တွယ်တာကို ခံခဲ့ရတာရယ်၊ စစ်တပ်က အာဏာ သိမ်းဖို့ တိုက်တွန်းခဲ့မှုနဲ့ ထောင်ကျခဲ့တာ ရယ်ကြောင့် ရာဇ၀င်တွင် သွားတာပဲဗျ။
လူထုက လက်မခံတာကို လက်ခံသူ
ဆရာကြီးမှိုင်း ဘေပုရှိန် ဂုဏ်ပြုကဗျာ ရေးတုန်းက ဦးဘဘေဟာ ပြည်သူ တစ်ရပ်လုံးရဲ့ ချစ်ခင် လေးစားမှု ခံရတဲ့ ဘိလပ်သွား ကိုယ်စားလှယ် တော်ကြီးဗျာ။ မြန်မာပြည်အရေး အတွက် ၁၉၁၉ ခုနှစ်မှာ ဘိလပ်ကို ပထမဆုံး သွားပြီး စကား ပြောကြတဲ့ ၀ိုင်အမ်ဘီအေ အသင်းချုပ်ရဲ့ ကိုယ်စားလှယ်ကြီး သုံးယောက်၊ ဦးဘဘေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ကို ပြည်သူတွေရဲ့ ကိုယ်စား ဆရာကြီးမှိုင်းက ဂုဏ်ပြု အမွှန်းတင်ခဲ့တာဗျ။ ဟော ၁၉၃၀ နှစ်များ ရောက်တော့ အင်္ဂလိပ်နဲ့ ပူးတွဲ အုပ်ချုပ်ရေး ဆိုတဲ့ ဒိုင်အာခီ ပေါ်လာချိန်မှာ လူထုက ဒိုင်အာခီကို လက်မခံဘူး။ ဦးဘဘေက လက်ခံတယ်။ ၀န်ကြီးရာထူး မျှော်တယ်။ အဲဒီမှာတင် ဆရာကြီးမှိုင်းက ဦးဘဘေကို တွယ်တော့တာပဲ။ ဆရာကြီးဟာ ဇာတိမာန် စာဆိုကြီး၊ သတင်းစာ ဆရာကြီး ဖြစ်တယ်။ ဦးဘဘေကလည်း သူရိယ သတင်းစာကို တည်ထောင်ခဲ့တဲ့ သတင်းစာ ဆရာကြီးပဲ။ တစ်ချိန်တည်းမှာ နိုင်ငံရေး သမားလည်း ဖြစ်တယ်။
ဦးဘဘေ လမ်းမှန် ပေါ်ရှိခဲ့ချိန်မှာ ဆရာကြီးမှိုင်းက ထောက်ခံတယ်။ ပြည်သူ့ သဘောထားနဲ့ လမ်းလွဲ သွားချိန်မှာ ဆရာကြီးမှိုင်းက ရှုတ်ချတာပဲ။ သည်ကိစ္စနဲ့ ပတ်သက်လို့ ဆရာကြီးမှိုင်းကို ဝေဖန်သူ တစ်ချို့ ရှိခဲ့တယ်။ ဆရာကြီးဟာ ဦးဘဘေ အပေါ်မှာ လိုတစ်မျိုး မလိုတစ်မျိုး ရေးခဲ့တယ်လို့ ဝေဖန်တာပါ။ အဲဒါကို ဆရာဒဂုန် တာရာက ဖြေရှင်းဖူးတယ်။ လိုတစ်မျိုး မလိုတစ်မျိုး ဆိုတာ ဆရာကြီးမှိုင်းရဲ့ တစ်ဦးတည်း သဘောထားနဲ့ လိုတစ်မျိုး မလိုတစ်မျိုး မဟုတ်ဘူး။ ပြည်သူတွေရဲ့ သဘောထားကို ထင်ဟပ်တာ ဖြစ်တယ်။ ပြည်သူတွေက လိုလားတဲ့ အချိန်မှာ ဆရာကြီးမှိုင်းက ပြည်သူတွေနဲ့ အတူ ထောက်ခံတယ်။ ပြည်သူတွေက မလိုလားတဲ့ အချိန်မှာ ပြည်သူတွေနဲ့ အတူ ကန့်ကွက်တာပဲလို့ ဆိုပါတယ်။ အင်မတန် ကောင်းတဲ့ ဖြေရှင်းချက်ပဲဗျ။
ဖဆပလက ထုတ်ပစ်ခဲ့ရ
ဦးဘဘေဟာ မြန်မာ့ ရှေးဦး နိုင်ငံရေး သမားကြီးတွေထဲမှာ သံမဏိ အရှည်ဆုံး ထဲပါတယ်။ ဆိုပါစို့ဗျာ။ ၁၉၁၉ ခုနှစ် ဘေပုရှိန် ဘိလပ် သွားချိန်က စပြီး နာမည်ကြီးခဲ့တာ ခွဲရေး တွဲရေး ခေတ်ကျ တော့လည်း ခွဲရေးဘက်က ခေါင်းဆောင်၊ နောက်တော့ ငါးထောင်စား ၀န်ကြီး၊ ဂျပန်ခေတ်ကျတော့ လွတ်လပ်ရေး ပြင်ဆင်မှု အဖွဲ့မှာ ပါတယ်။ ဦးနုရေးတဲ့ ငါးနှစ်ရာသီ ဗမာပြည် စာအုပ်ထဲမှာ ဂျပန်ခေတ် လွတ်လပ်ရေး ပေးမယ် ဆိုပြီး နိုင်ငံရေး အစဉ်အလာကြီးတဲ့ ခေါင်းဆောင်တွေကို ဂျပန်စစ်ဘက်က အစည်းအဝေး ခေါ်တော့ ဘကြီး ဘဘေဟာ အစည်းအဝေးခန်းထဲ ကြောင်တိ ကြောင်ကန်း ၀င်လာစဉ် ဗမာပြည်သေဘီ၊ ဗမာပြည် သေဘီလို့ မြည်တမ်း နေတယ်လို့ ဦးနုက ရေးထားတာ မျက်စိထဲ မြင်ယောင် လောက်အောင်ပဲဗျ။
ဖက်ဆစ် တော်လှန်ရေးမှာ ဦးဘဘေ မပါဘူး။ သို့ပေမယ့် ဖက်ဆစ် တော်လှန်ရေး တပ်ဦးကြီး ဖြစ်တဲ့ ဖဆပလကို စစ်ပြီးချိန်မှာ ပြန်ဖွဲ့တော့ အစဉ်အလာကြီးသူ၊ နိုင်ငံရေး ၀ါရင့်သူအနေနဲ့ ဘကြီး ဘဘေကို ဗိုလ်ချုပ် အောင်ဆန်းက ဖဆပလ ခေါင်းဆောင်ပိုင်းမှာ ထည့်တယ်။ ဘိလပ်ကို လွတ်လပ်ရေး ကိစ္စ စကား သွားပြောတော့လည်း ဘကြီးဘဘေကို ခေါ်သွားတယ်။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ လေးစား အားကိုးခြင်း ခံရသူလို့တောင် ပြောနိုင်တယ်ဗျ။ သို့ပေမယ့် လွတ်လပ်ရေး လက်တစ်ကမ်း အလိုမှာ ဦးဘဘေက ‘ကလန်’ လွန်းလို့ ဖဆပလက သူ့ကို ထုတ်ပယ်ပစ် လိုက်ရသတဲ့ဗျာ။ ဒါတင် မကသေးဘူး။ မြန်မာပြည် လွတ်လပ်ရေး ရပြီး လေးငါးနှစ်ပဲ ရှိသေးတယ်။ ပြည်တွင်းစစ် အရှိန်တက်နေချိန်မှာ ဘကြီးဘဘေက စစ်ဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းကို ချဉ်းကပ်ပြီး အရပ်သား အစိုးရဆီက အာဏာသိမ်းဖို့ တိုက်တွန်း ခဲ့သတဲ့ဗျာ။ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးနေ၀င်းက ၀န်ကြီးချုပ် ဦးနုဆီ သတင်းပို့လိုက်လို့ ဘကြီးဘဘေကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီး ထောင်ချခဲ့ရတယ်။ နောက်တော့လည်း ဆဋ္ဌသင်္ဂါယနာတင်ပွဲ အထိမ်းအမှတ် လွတ်ငြိမ်း ချမ်းသာခွင့်တွေ ပေးတော့ ပြန်လွှတ်ပေး လိုက်ပါသတဲ့။ ကျွန်တော်တို့က ရှေးလူကြီးတွေရဲ့ သမိုင်းကြောင်း တွေကို ဖတ်ပြီး သံဝေဂတွေ ရနေမိတယ်ဗျာ။
ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်ရဲ့ သမိုင်းကြောင်းတွေကို ဖတ်မှတ်ပြီး သင်ခန်းစာယူဖို့ အရေးကြီးတာပဲဗျ။ ရှေ့က လူကြီးတွေရဲ့ ကောင်းတဲ့ အစဉ်အလာတွေကို ထိန်း၊ မကောင်းတဲ့ အစဉ်အလာတွေကို ပယ်ကြမှ ကောင်းတဲ့ အနာဂတ်ကို တည်ဆောက် နိုင်ကြမှာပေါ့ဗျာ။
ကျွန်တော်တို့ကတော့ မိမိ ကိုယ်တိုင်လည်း ဘကြီးဘဘေလို နိုင်ငံရေး အာဃာတ တွေကြောင့် မမှားရ လေအောင်၊ အသက်ကြီး သည့်တိုင် မပျက်စီး ရလေအောင် နိုင်ငံရေးသီလကို ကြိုးစား စောင့်ထိန်း နေရကြောင်း ပါဗျာ။

**မောင်ဝံသ **
(၂၀၁၀ခုနှစ်၊ မေ ၂၀ ရက်နေ့ထုတ် Popular New ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။ )

ငါးထောင်တန် ကိုင်ကြည့်ရင်းတစ်နေ့က ကျွန်တော်ရတဲ့ စာမူခထဲမှာ ကျပ်ငါးထောင်တန် ငွေစက္ကူ တစ်ချပ် ပါလာတယ်။ ငါးထောင်တန် ငွေစက္ကူကို ကိုင်ကြည့်ရင်း ‘‘တောင်ကျရေ နွားနှစ်ကောင် မ၀သလိုပ၊ မောင်ဘဘေ ငါးထောင် မရသော်ကြောင့်’’ လို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း လေးချိုးကြီး တစ်ပုဒ် ရေးခဲ့သော သတိရမိသဗျာ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)