** အသီးအရွက်စားသုံးမှု လွန်ကဲလျှင် ဘေးဥပဒ် ဖြစ်စေနိုင် **
တရုတ်အမျိုးသမီးတစ်ဦးသည် ဆီးချိုရောဂါ ပျောက်ချင်ဇောဖြင့် မုန်ညင်းစိမ်းရွက်များ အလွန်အကျွံစားသုံး မိရာမှ မေ့မြောသွား၍ ဆေးရုံတင်ပို့ခဲ့ရကြောင်း နယူးအင်္ဂလန်ဆေးဂျာနယ်က ဖော်ပြထားသည်။ အဆိုပါ အမျိုးသမီး အား ဆရာဝန်များက စစ်ဆေးကြည့်ရာ ခန္ဓာကိုယ်ကြီးထွားမှုကို ထိန်းပေးသည့် သိုင်းရွိုက်ဒြပ်များ အလွန်များပြား နေကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ၄င်းအမျိုးသမီးသည် နေ့စဉ် မုန်ညင်းစိမ်း နှစ်ပေါင်မှ သုံးပေါင်အထိ စား သုံးခဲ့သည်။
ဟင်းသီးဟင်းရွက်တွင် တွေ့ရသော အင်ဇိုင်းတစ်မျီုးသည် သိုင်းရွိုက်ဒြပ် မူလစွမ်းရည် သတ္တိကို ကျဆင်းစေနိုင်ကြောင်း ဆရာဝန်များက လက်ခံယုံကြည်ထားသည်။ ထို့ကြောင့် လူတို့အနေဖြင့် ဟင်းသီးဟင်းရွက်နှင့် အစားအစာများ စားသုံးရာတွင် တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း ချင့်ချိန်စားသုံးရန် သတိပြုသင့်သည်။ (အင်တာနက်)
** စက်မှုလုပ်ငန်းသုံး ဓာတုဆေးများ ရင်သားကင်ဆာဖြစ်စေနိုင် ***
ကိုယ်ဝန်ဆောင်အမျိုးသမီးများ အနေဖြင့် စက်မှုလုပ်ငန်းသုံး ဓာတုဆေးများကို ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုင်တွယ်ထိတွေ့မိပါက ကင်ဆာရောဂါဖြစ်လာနိုင်ကြောင်း သုတေသီများက လေ့လာတင်ပြထားသည်။ အဆိုပါ ဓာတုဗေဒဆေးများမှာ ဘစ်ဖီနောနှင့် ဒိုင်အီသိုင်းစတီဘက် စထရောတို့ဖြစ်သည်။ ကိုယ်ဝန်ဆောင်များအနေဖြင့် ယင်းဓာတုဗေဒဆေးများ ကိုင်တွယ်ထိတွေ့မိသည့်အခါ ရင်သားကင်ဆာ ဖြစ်လာစေနိုင်ကြောင်း နယူးဟေဗင်ဆေးတက္ကသိုလ်မှ ဒေါက်တာ ဟွတ်တေလာနှင့်အဖွဲ့က သုတေသနပြု တင်ပြခဲ့ခြင်းဖြစ်သည်။ ဘစ်ဖီနောသည် အားပျော့အက်စ်တိုဂျင်ဖြစ်ပြီး ဒိုင်အီသိုင်းစတီဘက်စထရောမှာ အားပြင်းအက်စ်တိုဂျင်ဖြစ်သည်။ ယင်းဓာတုဆေးများသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း နို့တိုက်ဂလင်းများကို ထိခိုက်စေရာမှ ရင်သားကင်ဆာဖြစ်လာနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ကောင်းမြတ်သူ **
*** Public Health ***

No comments:
Post a Comment