** ခရင်မ်ပါသောမုန့်အမျိုးမျိုး ကျန်းမာရေးထိုခိုက်စေနိုင်ဟုဆို **
(လန်ဒန်၊ ဇွန်လ ၂၃-ရက်)
ခရင်မ်ပါသော မုန့်အမျိုးမျိုးသည် ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း အင်္ဂလန်နိုင်ငံမှ ကျန်းမာရေးစောင့်ကြောင့်လေ့လာသူများက ပြောကြားသည်။ စားအုန်းဆီထုတ်လုပ်ရာတွင် ထွက်ရှိလာသည့် ဘေးထွက်အဆီများကို ဘီစကွတ်အမျိုးမျိုး၊ ကိတ်နှင့် အမြန်အစားအစာအမျိုးမျိုးတို့တွင် ခရင်မ်အဖြစ်အသုံးပြုလျက်ရှိကြောင်း လန်ဒန်အခြေစိုက် စားသောက်ကုန်ပစ္စည်းများ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။
ခရင်မ်ပါသော မုန့်များကို ရေရှည်စားသုံးခြင်းဖြင့် နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများဖြစ်လာစေနိုင်ကြောင်း သတိပေးထားသည်။ နှလုံးနှင့်ဆိုင်သောရောဂါများ ကာကွယ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ လူတို့အနေဖြင့် အဆီအဆိမ့်များသော အစားအသောက်များ ရှောင်ကြဉ်စားသုံးသင့်ကြောင်း အကြုံပြုတင်ပြထားသည်။ (အင်တာနက်)
** စုစည်ဘာသာပြန်- ကောင်းမြတ်သူ **
** Public Health **

No comments:
Post a Comment