လူလာလို့ ဖြစ်ရ
စနစ်တွေလဲ မသိ၊ အဖြစ်တွေလဲ မသိ
စိတ်ညစ်လိုက်ပါဘိ။
**ကွန်ပျူတာဆိုတာ
လူမဟာရဲ့ ဦးနှောက်
ကြောက်မက်ဖွယ် လိလိ
တန်ခိုး အနန္တရှိသတဲ့
သိတတ် သုံးတတ် ခိုင်းတတ်ရင်လေ။
**မသိတော့ စိတ်ရှုပ်
ဘယ်လိုမှ မလုပ်တတ်
ငုတ်တုတ်ထိုင် ငိုင်ကာငေး
ဘာမေးလို့ မေးရမှန်းမသိ
ဘယ်မှာ အဖြေပေးလိမ့်မလဲ
လူ့အရေး လူ့ကိစ္စတွေကို
အာကာ့ အတတ်ပညာအစွမ်းနဲ့
ကမ်းကုန်အောင် ကူညီပေးမယ့်
ဟိုဟိုဒီဒီ ခလုတ်တွေ
မနှိပ်တတ်တော့ ပင်လယ်ဝေ
ဘာအဖြေမှ မရ
ဤလည်း တဒုက္ခ။
**တော်လှန်ခေတ် မော်ဒန်ခေတ်မှာ
မော်ဒန်မဖြစ်တဲ့ ငါလူသား
စိတ် တရှုပ်ရှုပ်နဲ့မို့
ဟိတ်ထုတ်လို့ ဖြစ်နိုင်ပါ့မလား။
**အမေရယ်တဲ့ အမေရယ်
စိန်ဗေဒါပတ်သံ တခါကြား
သွားပါရစေ အမေရယ် ဆိုတဲ့
ငါတို့လို လူစား
ပေါ့ပ်တွေ ရော့ခ်တွေ
ဂျက်ဇ်တွေ ရက်ပ်တွေ အကြားမှာ
ပျော်မွေ့နိုင်ပါ့မလား။
**ခေတ်ပလီနဲ့ ခေတ်အညှိ
မသတီစရာ တပုံတခေါင်းထဲမှာ
လူချွန်လူကောင်း သီချင်းကလေးနဲ့
ရှေ့ ရေးကိုမျှော် ပျော်နိုင်မတဲ့လား။
ဒီခေတ်နဲ့ငါ စည်းလိုက်လို့
ကီး ကိုက် ပါဦးတော့မလား…။ ။
** တင်မိုး **
(၃၀၊ ဇွန်လ၊ ၁၉၉၉၊ ဗုဒ္ဒဟူးနေ့ နံနက်ခင်း)
**ကွန်ပျူတာခေတ်မှာ
လူလာလို့ ဖြစ်ရ
စနစ်တွေလဲ မသိ၊ အဖြစ်တွေလဲ မသိ
စိတ်ညစ်လိုက်ပါဘိ။
**ကွန်ပျူတာဆိုတာ
လူမဟာရဲ့ ဦးနှောက်
ကြောက်မက်ဖွယ် လိလိ
တန်ခိုး အနန္တရှိသတဲ့
သိတတ် သုံးတတ် ခိုင်းတတ်ရင်လေ။
**မသိတော့ စိတ်ရှုပ်
ဘယ်လိုမှ မလုပ်တတ်
ငုတ်တုတ်ထိုင် ငိုင်ကာငေး
ဘာမေးလို့ မေးရမှန်းမသိ
ဘယ်မှာ အဖြေပေးလိမ့်မလဲ
လူ့အရေး လူ့ကိစ္စတွေကို
အာကာ့ အတတ်ပညာအစွမ်းနဲ့
ကမ်းကုန်အောင် ကူညီပေးမယ့်
ဟိုဟိုဒီဒီ ခလုတ်တွေ
မနှိပ်တတ်တော့ ပင်လယ်ဝေ
ဘာအဖြေမှ မရ
ဤလည်း တဒုက္ခ။
**တော်လှန်ခေတ် မော်ဒန်ခေတ်မှာ
မော်ဒန်မဖြစ်တဲ့ ငါလူသား
စိတ် တရှုပ်ရှုပ်နဲ့မို့
ဟိတ်ထုတ်လို့ ဖြစ်နိုင်ပါ့မလား။
**အမေရယ်တဲ့ အမေရယ်
စိန်ဗေဒါပတ်သံ တခါကြား
သွားပါရစေ အမေရယ် ဆိုတဲ့
ငါတို့လို လူစား
ပေါ့ပ်တွေ ရော့ခ်တွေ
ဂျက်ဇ်တွေ ရက်ပ်တွေ အကြားမှာ
ပျော်မွေ့နိုင်ပါ့မလား။
**ခေတ်ပလီနဲ့ ခေတ်အညှိ
မသတီစရာ တပုံတခေါင်းထဲမှာ
လူချွန်လူကောင်း သီချင်းကလေးနဲ့
ရှေ့ ရေးကိုမျှော် ပျော်နိုင်မတဲ့လား။
ဒီခေတ်နဲ့ငါ စည်းလိုက်လို့
ကီး ကိုက် ပါဦးတော့မလား…။ ။
** တင်မိုး **
(၃၀၊ ဇွန်လ၊ ၁၉၉၉၊ ဗုဒ္ဒဟူးနေ့ နံနက်ခင်း)
No comments:
Post a Comment