နှစ်ပေါင်းများစွာကြာပြီးနောက် ဘောလုံးလူဆိုး တစ်ဦးဖြစ်သူ ဂျိုးဘာတန်မှာ သူ၏ အစ်ကို၊ ညီမများနှင့် ရုပ်ချင်းမတူသည်ကိုသိချင်စိတ်ပိုများလာသည်။ နောက်ဆုံး မမြိုသိပ်နိုင်တော့။ မိမိမှာသားအရင်းမဟုတ်ဘဲ မွေးစားသားဖြစ်နေသလောဟု အမေဖြစ်သူအား မေးမြန်းလိုက်သည်။
`အင်း… ဟုတ်ပါတယ်။ သားက မွေးစားထားတာပဲ´ဟု ပြောရင်းနှင့် အမေဖြစ်သူမှာ ငိုကြွေးလေတော့သည်။
`မငိုပါနဲ့အမေရယ်… မွေးစားခံရတယ်ဆိုလည်း ကျနော့်အတွက် ပြဿနာမရှိပါဘူး´
`မဟုတ်ဘူးကွဲ့၊ အမေ မင်းမိဘတွေကိုပြန်မေးဖို့ ကြိုးစားသေးတယ်။ သူတို့က ပြန်မလိုချင်ဘူးတဲ့လေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း) ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment