ပြောင်းပေါတဲ့ ရွာ
ပြာ တထောင်းထောင်းနဲ့
ပြောင်းထောင်းတဲ့ အပျိုမတွေ
ဆံမြိတ်ချ လှတဲ့နေရာ…။
ပြောင်းတရာ ပြာတတင်း
တောင်သာသားတို့
စားတဲ့ ပြောင်းထမင်း…။
ရှေးကစာ သည်လိုရှိ
ကျုပ်သိပုံက တမျိုးပါ…။
ဇဂျမ်း တောင်သာ
ကျောင်းပေါတဲ့ ရွာ
ကျောင်းတရာ ကြာတအင်း
တောင်သာသား လူတော်တို့
အကျော်အမော် အလွန်များ
ကြားတတ်လေခြင်း… တဲ့…။
ဟုတ်မှာပ အင်း
ကျုပ်ရွာက သီချင်း…။ ။
*** တင်မိုး ***
(၅၊ ဇွန်လ၊ ၁၉၉၉၊ တနင်္လာနေ့ ည)
ဇဂျမ်း တောင်သာ
ပြောင်းပေါတဲ့ ရွာ
ပြာ တထောင်းထောင်းနဲ့
ပြောင်းထောင်းတဲ့ အပျိုမတွေ
ဆံမြိတ်ချ လှတဲ့နေရာ…။
ပြောင်းတရာ ပြာတတင်း
တောင်သာသားတို့
စားတဲ့ ပြောင်းထမင်း…။
ရှေးကစာ သည်လိုရှိ
ကျုပ်သိပုံက တမျိုးပါ…။
ဇဂျမ်း တောင်သာ
ကျောင်းပေါတဲ့ ရွာ
ကျောင်းတရာ ကြာတအင်း
တောင်သာသား လူတော်တို့
အကျော်အမော် အလွန်များ
ကြားတတ်လေခြင်း… တဲ့…။
ဟုတ်မှာပ အင်း
ကျုပ်ရွာက သီချင်း…။ ။
*** တင်မိုး ***
(၅၊ ဇွန်လ၊ ၁၉၉၉၊ တနင်္လာနေ့ ည)


No comments:
Post a Comment