လူသည် ကြံရင်း သေရမတဲ့
`မင်းဆွေ´ ရဲ့ `နာမည်´ စာအုပ်ကေးက
အတွေးတစ ရခဲ့တယ်။
အတွေးဟာ အား
မီးပွားကလေးဆိုလဲ ဟုတ်ရဲ့
အလုပ်လုပ်တိုင်း သတိရ
ဘ၀လမ်းညွှန် ဆိုလောက်တယ်။
ပျံရင်းသေတဲ့ ငှက်
အဖျက်တွေ အမျိုးမျိုးပေါ်
အခက်တွေ အမျိုးမျိုးကျော်
တောင်ပေါ်ရောက် တောင်အောက်ရောက်
မှောက်လိုမှောက် လှန်လိုလှန်
လေအဆန် လေအစုန်
ကြုံလိုက ကြုံစေတော့
ငှက်ဂုဏ်ကို အထိအပါးမခံ
မာန်ဆိုတာ ရှိသတဲ့။
လောကဓံကြောင့်
မပျံတဲ့ငှက်ဟူ၍ မရှိချေ..။ ။
** တင်မိုး **
(၂၅ ဇွန်လ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
ငှက်သည် ပျံရင်းသေ
လူသည် ကြံရင်း သေရမတဲ့
`မင်းဆွေ´ ရဲ့ `နာမည်´ စာအုပ်ကေးက
အတွေးတစ ရခဲ့တယ်။
အတွေးဟာ အား
မီးပွားကလေးဆိုလဲ ဟုတ်ရဲ့
အလုပ်လုပ်တိုင်း သတိရ
ဘ၀လမ်းညွှန် ဆိုလောက်တယ်။
ပျံရင်းသေတဲ့ ငှက်
အဖျက်တွေ အမျိုးမျိုးပေါ်
အခက်တွေ အမျိုးမျိုးကျော်
တောင်ပေါ်ရောက် တောင်အောက်ရောက်
မှောက်လိုမှောက် လှန်လိုလှန်
လေအဆန် လေအစုန်
ကြုံလိုက ကြုံစေတော့
ငှက်ဂုဏ်ကို အထိအပါးမခံ
မာန်ဆိုတာ ရှိသတဲ့။
လောကဓံကြောင့်
မပျံတဲ့ငှက်ဟူ၍ မရှိချေ..။ ။
** တင်မိုး **
(၂၅ ဇွန်လ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
No comments:
Post a Comment