မနက်ခင်းဝတ်ပြုချိန်တွင် ဘုရားကျောင်းသို့ မျက်ရည်စက်လက်ဖြင့် အင်္ဂလန်အသင်းနှင့် ချဲလ်ဆီးအသင်းမှ အက်ရှ်လေကိုးလ်၏ ဇနီး ချယ်ရီကိုးလ်ရောက်လာသည်။ ၀မ်းနည်းပက်လက်ဖြစ်နေသော သူမအားဘုန်း တော်ကြီးက မေးလေရာ…
`သတင်းဆိုးပါပဲ… ဖာသာရယ် မနေ့ညက ကျမယောင်္ကျားအက်ရှ်လေကိုးလ်သေသွားပြီလေ´
`အိုး… ကျွတ်ကျွတ်ဖြစ်ရလေကွယ်… သူမသေခင် မင်းကိုနောက်ဆုံးအနေနဲ့ ဘာတွေမှာသွားသေးသလဲ…´

`အင်း…. ဒါက´
`ပြောပါချယ်ရီရယ်… ဖာသာက ဘယ်သူ့ကိုမှ မပြောပါဘူး´
`အင်း… သူနောက်ဆုံးပြောခဲ့တာက အဲဒီသေနတ် အောက်ကိုချလိုက်ပါတဲ့´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment