ထိုင်းနိုင်ငံတောင်ပိုင်းဖူးခက်မြို့ နယ်၊ပထိုးမြို့ ပါသောင်ရွာ နာနိုင်လမ်းသွယ် (၁)ရှိ မြေလုပ်ငန်းခွင်တွင်
မိုးရွာချ၍မြေပြိုသဖြင့်ထိုင်းအလုပ်သမားတစ်ဦးနှင့်မြန်မာအလုပ်သမားတစ်ဦးတိုသေဆုံးသွားပြီးမြန်မာ
တစ်ဦးမှာဒဏ်ရာရရှိသွားကြောင်း ထိုင်း ရုပ်မြင်သံကြားအမှတ် ၇နှင့် ၃ တို့ တွင်ထုတ်လွှင့်ပြသသွားသည်။
သေဆုံးသွားသူမှာ မကွေးတိုင်းပေါက်မြို့ နယ် တောင်ဘက်ရွာမှ အသက်၃၅နှစ်အရွယ် ကိုမင်းနိုင်ဆိုသူဖြစ်ပြီး
အခြားဒဏ်ရာရရှိသူ၏အမည်ကိုစုံစမ်းဆဲဖြစ်ကြောင်း အတူလုပ်ကိုင်သည့်အလုပ်သမားများကပြောသည်။
ဖါးတိုက်နယ်ထုတ် စရံတိုက်သတင်းစာတွင် ဖူးခက်မြို့ နယ်သို့ အသစ်ရောက်ရှိလာသည့် စခန်းမှူးက မြေပြိုသေ
ဆုံးသည့်နေရာသို့ ရောက်ရှိလာပြီးလူများကိုစစ်ဆေးခဲ့သည်။ မြေအောက်တွင်ပိနေသည့်အလုပ်သမားများအား စက်ကြီးများဖြင့်တူးဖေါ်ခဲ့သည်။အသက်၃၅နှစ်အရွယ်ကိုမင်းနိုင်မှာပွဲချင်းပြီးသေဆုံးသွားခဲ့သည့်။မြေအောက်
မှတူဖေါ်ရရှိသည့် ထိုင်းအမျိုးသားမှာ ဒဏ်ရာပြင်ထန်းသဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။ နောက်မြန်မာတစ်ဦးအားနာရီဝက်ခန့် အကြာတွင်တူးဖေါ်ရရှိခဲ့သော် လည်းအသက်အန္တရာယ်မှလွတ်ကင်းပြီး ဒဏ်ရာအနည်းငယ်သာရရှိသွားခဲ့သည်။
ရဲအရာရှိ က အရင်ကတည်းက မြေလုပ်ငန်းများအတွက် စိုးရိမ်းမိခဲ့ကြောင်း။သို့ သော်လည်း မြေတူးလုပ်ငန်းနှင့်
တောင်များရှိသည့် နေရာများတွင် တာဝန်မကျသေးသည့်အတွက် အကောင်အထည်မဖေါ်ရသေးကြောင်း၊ ယခု
သူ စိုးရိမ်မိခဲ့သည့် အန္တရာယ် ရှိသည့် မြေလုပ်ငန်းခွင်နယ်မြေအတွင်းသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် မြေလုပ်ငန်း
ရှင်များများနှင့် တွေ့ ဆုံပြီး အလုပ်သမားများ ဘေးအန္တရာယ် လုံခြုံရေးအတွက်ညိနှိုင်းအဖြေရှာသွားမည်ဖြစ်
ကြောင်းဒေသထုတ်သတင်းစာတွင်အကျယ်တ၀င့်ရေးထားသည်။
**(မေ ၈၊Sai Aye -RDJ)**

No comments:
Post a Comment