ကြည်မွှေ့ဖွယ် မင်္ဂလာနေ့။
မွေးနေ့
မွှေးပျံ့သင်းထုံ၊ ပန်းဝတ်မှုန်
ဖူးငုံ ပွင့်လန်းလာတဲ့နေ့။
**ပန်းကလေးပွင့်လာ ထိုအခါ၌
လိပ်ပြာရွှင်မြူး၊ ၀တ်ရည်ခူးလိမ့်
ကြည်နူးရသ၊ လှချင်တိုင်း လှလျက်
မြင်ရသူမှာ၊ ပီတိဖြာလိမ့်။
**ပန်းကလေး ဣနြေ္ဒ၊ သိမ်းဆည်းလေ
မိုးမြေအနှံ့၊ သင်းရနံ့ကို
ဖြန့်လို့ဝေ
မကြွေပွင့်ချပ်၊ အကျင့်မြတ်ကို
စောင့်ကြပ်မြဲစေ၊ ဝေမြဲစေ။
**ဤလောကရဲ့
အလှဆုံး ပန်း၊ အလန်းဆုံး ဂုဏ်
အထုံဆုံး ရနံ့၊ ဖြူစင်သန့်
အံ့ဖွယ် ပန်းကလေး ဖြစ်ပါစေ…။ ။
*** တင်မိုး ***
(၂၀၊ ဇွန် ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
**ဒီနေ့
ကြည်မွှေ့ဖွယ် မင်္ဂလာနေ့။
မွေးနေ့
မွှေးပျံ့သင်းထုံ၊ ပန်းဝတ်မှုန်
ဖူးငုံ ပွင့်လန်းလာတဲ့နေ့။
**ပန်းကလေးပွင့်လာ ထိုအခါ၌
လိပ်ပြာရွှင်မြူး၊ ၀တ်ရည်ခူးလိမ့်
ကြည်နူးရသ၊ လှချင်တိုင်း လှလျက်
မြင်ရသူမှာ၊ ပီတိဖြာလိမ့်။
**ပန်းကလေး ဣနြေ္ဒ၊ သိမ်းဆည်းလေ
မိုးမြေအနှံ့၊ သင်းရနံ့ကို
ဖြန့်လို့ဝေ
မကြွေပွင့်ချပ်၊ အကျင့်မြတ်ကို
စောင့်ကြပ်မြဲစေ၊ ဝေမြဲစေ။
**ဤလောကရဲ့
အလှဆုံး ပန်း၊ အလန်းဆုံး ဂုဏ်
အထုံဆုံး ရနံ့၊ ဖြူစင်သန့်
အံ့ဖွယ် ပန်းကလေး ဖြစ်ပါစေ…။ ။
*** တင်မိုး ***
(၂၀၊ ဇွန် ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)


No comments:
Post a Comment