(ဟိုချီမင်း၊ ဇွန်လ ၇-ရက်)
အရှေ့အာရှဆိုင်ရာ (၁၉)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ် (ဒဗလျူအီးအက်ဖ်)အစည်းအဝေးကို ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့၌ ဇွန်လ ၆-ရက်နေ့က စတင်ကျင်းပကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံပေါင်း ၅၀-ကျော်မှ အစိုးရအဖွဲ့အကြီးအကဲ ၄၀၀-ကျော်နှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာသင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ (ဆင်ဟွာ)
*** မူးယစ်မှောင်ခိုဟု ယူဆရသူ ၁၂၅-ဦး ဆော်ဒီရဲတပ်ဖွဲ့ ဖမ်းဆီး ***
(ရီယာ့ဒ်၊ ဇွန်လ ၇-ရက်)
ဆော်ဒီအာရေဗျနိုင်ငံတွင် မူးယစ်ဆေးဝါးတရားမ၀င်ရောင်းဝယ်မှု နှိမ်နင်းရေးကို လွန်ခဲ့သည့် နှစ်လခန့်က ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးတရားမ၀င်ရောင်းဝယ်သူများနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆရသူ ၁၂၅-ဦးကို ဆော်ဒီရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ စစ်ဆင်ရေးအတွင်း အမ်ဖက်တမင်းဆေးပြား ၆ ဒသမ ၈-သန်း၊ ဆေးခြောက် ၆ ဒသမ ၅-တန်နှင့် သန့်စင်ပြီး ဘိန်းဖြူ ၂ ဒသမ ၄ ကီလိုဂရမ်တို့ကို ဆော်ဒီရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်။ (ဆင်ဟွာ)
*** အင်ဒိုနီးရှားတွင် တံတားတစ်စင်းပြိုကျ ကလေး ၁၂-ဦး သေဆုံး ***
(ဂျကာတာ၊ ဇွန်လ ၇-ရက်)
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် ကြိုးဆိုင်းသစ်သား တံတားတစ်စင်း တနင်္ဂနွေနေ့က ပြိုကျခဲ့ရာ ကလေး ၁၂-ဦး သေဆုံးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါတံတားကို ဆိုင်းထားသည့် သံကြိုးတစ်ချောင်းသည် အလေးချိန်ကို မခံနိုင်တော့သဖြင့် ပြတ်ကျကာ တံတားပြိုခဲ့ရသည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန-်မောင်ချစ်ကြည် **
*** (၁၉)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ် ဗီယက်နမ် ဟိုချီမင်းမြို့၌ ကျင်းပ ***

No comments:
Post a Comment