ဘန်ကောက်မြို့ အနီး ထုံဘူရီ နယ်မြေအမှတ်(၈)အတွင်းရှိ မြန်မာနှင့် လော နိုင်ငံသား ၁၅၄ဦးတို့အား ယမန် နေ့ ညနေကဖမ်းဆီး လိုက်ကြောင်းသတင်းစာတွင်ရေးသားထားသည်။ ပြီးခဲ့သည့် ၁၆-ရက် နေတရားမ၀င် ရွေ့ပြောင်းအလုပ် သမားများအားဖမ်းဆီးရန် ကော်မတီဖွဲ့မည်ဟု ထိုင်းဒုဝန်ကြီးချုပ် ကလွှတ်တော်တွင် လက် မှတ်ရေးထိုး ထုတ်ပြန်ကြေညာ ပြီးနောက် ယမန်နေ့ကစတင် ဖမ်းဆီးခြင်းဖြစ်သည်။ အဆိုပါဖမ်းဆီးမှုတွင် မူးယစ်ဆေး ၀ါးလုပ်ကိုင်သည့်ထိုင်းလူမျိုး၎ဦး လည်းသီးခြားပါဝင်သည်။
(စုစုပေါင်းဖမ် ဆီးမိသူ ၁၅၈ ဦး) အမှတ်(၈)နယ်မြေ ရဲစခန်း က မြို့နယ် တရားရုံးသို့ သွားရောက်ပြီး ဖမ်းဆီမိန့် (၀ရမ်း)၁၄စောင် ကို ထုတ်ယူ ခဲ့သည်။ အဆိုပါဖမ်းဆီးမိန့်တွင်၊ မူးယစ် ဆေး၊ လက်နက်နှင့် တရားမ၀င်အလုပ်သမားများ ဖမ်းဆီးရေးတို့ ပါ ပါဝင်သည်။ ယခုကဲ့ သို့ ထိုင်းအစိုးရက စီမံကိန်းချပြီးဖမ်း ဆီးလာခြင်းအား ထိုင်း အခြေစိုက် နိုင်ငံတကာအလုပ်သမား အဖွဲ့ အစည်းများ အင်ဂျီအို များက ထိုင်းအစိုးရအား ဖမ်းဆီးခြင်းအား သက်ညှာစွာစဉ်စား ပေးပါရန်တောင်း ဆိုထားကြောင်းသိရှိရသည်။
သတင်း- ဦးကျော်သောင်း (ဘန်ကောက်)
**(ဇွန် ၁၉၊ ဒေလီးနယူးသတင်းစာ၊ ထိုင်းဘာသာပြန် ကိုတီး-ရခိုင့် တံခွန်ဂျာနယ်)**

No comments:
Post a Comment