ဂရိတိုက်စစ်မှူး သီအိုဖာနစ်က ကမ္ဘာ့ဖလားပွဲများတွင် အာဖရိက ပရိသတ်များ၏ ဗူဗူဇီယာတူရိယာမှုတ် သံများ ကို ပိတ်ပင်ပေးပါရန် ဖီဖာသို့ ဇွန်လ ၁၈-ရက်နေ့တွင် တရားဝင်စာဖြင့် တောင်းဆိုလိုက်သည်။ (အင်တာနက်)
** စပိန်ဂိုးသမား စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ **
စပိန်ဂိုးသမား ကာစီးလက်စ်သည် ဆွစ်ဇာလန်အသင်းနှင့် ကစားခဲ့သည့် ပွဲတွင် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ ကြောင်း၊ မိသားစုအရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့်ဖြစ်ကြောင်း ၄င်းက ၀န်ခံပြောကြားသည်။ (အင် တာနက်)

** မိမိတို့အသင်း ဗိုလ်စွဲမည်ဟု မာရာဒိုနာ ပြောကြား **
တောင်ကိုရီးယားအသင်းကို လေးဂိုး- တစ်ဂိုးဖြစ် အနိုင်ရရှိခဲ့သည့် အာဂျင်တီးနားအသင်းသည် ယခုနှစ်ကမ္ဘာ့ဖလားပွဲတွင် အနိုင်ရဗိုလ်စွဲမည်ဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဇွန်လ ၁၈-ရက်နေ့တွင် မာရာဒိုနာက ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဖလားပွဲပြီးလျှင် သြစတြေးလျနည်းပြ အသင်းမှ နုတ်ထွက်မည် **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပြီးဆုံးသွားပါက မိမိသည် သြစတြေးလျ အသင်းနည်းပြအဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း နည်းပြပင်ဗာဘက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဇွန်လ ၁၈-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** နည်းပြဒိုမင်နစ်ကို အံ့သြကြောင်း ဇီဒန်း ပြောကြား **
မက္ကဆီကိုအသင်းအား နှစ်ဂိုးပြတ် ရှုံးခဲ့သည့်အတွက် မိမိခံစားခဲ့ရကြောင်း၊ နည်းပြ ဒိုမင်နစ်၏ အစီအမံကိုလည်း မိမိအံ့သြကြောင်း ပြင်သစ်အသင်းခေါင်းဆောင်ဟောင်း ဇီဒန်းက ဇွန်လ ၁၈-ရက်တွင် သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာဟိန်း **
** ဗူဗူဇီယာမှုတ်မှု ပိတ်ပင်ရန် ဂရိတိုက်စစ်မှူး ဂီကတ်စ် တောင်းဆို **

No comments:
Post a Comment