ဘရာဇီးနှင့် ပေါ်တူဂီတို့ပွဲတွင် ဂိုးမရှိသရေပွဲဖြစ်ခဲ့ပြီးနောက် မိမိတို့ အသင်းသည် ယခုနှစ်ကမ္ဘာ့ဖလားပွဲတွင် အကောင်းဆုံးခြေစွမ်း ရရှိနေပြီဖြစ်ကြောင်း စီရိုနယ်ဒိုက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဇွန်လ ၂၆-ရက် နေ့ တွင် ပြောကြားသည်။ (အင်တာနက်)
** အနိုင်ရရှိခဲ့သဖြင့် ကျေနပ်ကြောင်း အိုင်ဗရီကို့စ်ပြောကြား **
မြောက်ကိုရီးယားအပေါ် ဂိုးပြတ်သွင်းယူနိုင်သည့် အခွင့်အရေးများရရှိခဲ့သော်လည်း မိမိအသုံးမချနိုင်ခဲ့ကြောင်း၊ မိမိတို့ အားနည်းမှုရှိခဲ့ခြင်းသာဖြစ်ကြောင်း၊ သို့သော် အနိုင်ရရှိခဲ့သဖြင့် ကျေနပ်ကြောင်း အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာက ဇွန်လ ၂၆-ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)
** အိုင်ဗရီကို့စ်နည်းပြ အဖြစ်မှ အဲရစ်ဆင် နုတ်ထွက်မည် **
အိုင်ဗရီကို့စ်အသင်းအား အုပ်စုမှတက်ရန် မစွမ်းဆောင်နိုင်ဟု ခံယူထားသည့် နည်းပြအဲရစ်ဆင်သည် ယခုရက်ပိုင်းအတွင်း နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း၊ ရက်အတိအကျကို အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ဇွန်လ ၂၆-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **
** အကောင်းဆုံးခြေစွမ်းရှိကြောင်း စီရိုနယ်ဒိုပြောကြား **

No comments:
Post a Comment