** ရေနွေးကြမ်း နေ့စဉ်သောက်သုံးပေးလျှင် သွေးကင်ဆာဖြစ်ပွားမှု ကာကွယ်နိုင်ဟု ဆို **
(လန်ဒန်၊ ဇွန်လ ၂၆-ရက်)
ရေနွေးကြမ်း နေ့စဉ်သောက်သုံးပေးခြင်းဖြင့် သွေးကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်းရှိကြောင်း အမေရိ ကန် သုတေသီများက လေ့လာတွေ့ရှိထားသည်။ လက်ဖက်တွင်ပါဝင်သော အဆီဓာတ်သည် သွေးကင်ဆာ ဆဲလ်များကို သေစေနိုင်ကြောင်း၊ နေ့စဉ်ရေနွေးကြမ်း များများသောက်သုံးပေးခြင်းဖြင့် သွေးကင်ဆာဖြစ်ပွား နေသူများ ရောဂါသက်သာလာစေနိုင်ကြောင်း အမေရိကန်နိုင်ငံရှိ မာယိုဆေးသုတေသနအဖွဲ့က လေ့လာတွေ့ရှိထားသည်။
ဗြိတိန်နိုင်ငံတွင် နှစ်စဉ်သွေးကင်ဆာဖြစ်ပွားသူ ၃၀၀၀-ကျော်ရှိရာ ရေနွေးကြမ်း သောက်သုံးခြင်းဖြင့် ကျန်းမာရေးအထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။ လက်ဖက်မှထွက်သော အဆီကို အသုံးပြုပြီး သုတေသီများက သွေးကင်ဆာဖြစ်ပွားနေသူများအတွက် ဆေးဝါးထုတ်လုပ်ရန်အထိ ဆက်လက်သုတေသနပြုလျက်ရှိကြောင်း သိရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ကောင်းမြတ်သူ **
** Public Health **

No comments:
Post a Comment