ဘယ်သူ့ကိုမှရန်ရှာခြင်း ဆဲဆိုခြင်းမရှိသလို သူများပေးတာကမ်းတာစားပြီး အမြဲတမ်းပြုံးချိုနေတတ်ပါသတဲ့။ သာစည်ဘူတာ ပလက်ဖေါင်း အမှတ် ၅ နဲ့ တွဲပြင်ရုံဘေးက ရထားရဲတွေနေတဲ့ ကြားကနေရာဟာ သူ့ရဲ့စံမြန်းရာ နန်းမဆောင်ဖြစ်ပါတယ်။
မေလ ၂၅ ရက်ညမှာတော့ သာစည်အခြေစိုက် ခမရ ၄၁၉ က တပ်သားအောင်အောင်ကနေ ဒေါ်ချိုကို ပါးစပ်ပိတ်ပြီး အတင်းအဓမ္မ မုဒိမ်းကျင့်သွားပါတယ်။ သူ့ကိစ္စအထမြောက်ပြီးချိန်လောက်မှာ ဘူတာက ဈေးသည်တွေကမြင်လို့ ၀ိုင်းပြီးသူ့ကို
ခဲတွေနဲ့ပေါက်ပြီး ရထားရဲတွေနဲ့ဝိုင်းထားချိန်မှာ သူ့အဖေါ် ၄၁၉ တပ်ရင်းက တခြားစစ်သားတွေရောက်လာပြီး သူတို့အရေးယူမယ်ဆိုကာ တပ်ရင်းကိုခေါ်ဆောင်သွားပါသတဲ့။
ဘာမှမသိရှာတဲ့ ဒေါ်ချိုခမျာတော့ ငိုယိုပြီး ကျန်ခဲ့ပါသတဲ့။
ဒီနောက်ပိုင်းမှာတော့ တပ်သားအောင်အောင်ကို အရေးယူခြင်းမရှိတဲ့အတွက် မီးရထားရဲတွေနဲ့ ဒေသခံတွေဟာ ခမရ ၄၁၉ နဲ့စိတ်မနှံ့ရှာတဲ့ အမယ်အိုကြီးကိုတောင် မရှောင်တဲ့ တပ်သားအောင်အောင်ကို မကျေမနပ်ဖြစ်နေကြပါတယ်။
ဒီတပ်သားအောင်အောင်ဟာ အရင်ကလည်း သာစည်ဘူတာမှာလာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်ထဲဝင်ဖို့ နည်းမျိုးစုံနဲ့ ဆွဲဆောင်စည်းရုံးနေသူတဦးဖြစ်တယ်လို့လည်းသိရပါတယ်။
သာစည်ဘူတာလိုနေရာမှာတောင် စိတ်မနှံ့တဲ့ အမယ်အိုတယောက်ကို ဒီလိုလုပ်တဲ့စစ်သားတွေဟာ နယ်စပ်ရှေ့တန်းစစ်မျက်နှာတွေမှာ တွေ့ရာမရှောင်လုပ်မယ် ဆိုတာကတော့ ဒီလုပ်ရပ်က သက်သေပြနေပါတယ်။
**အညာနွေတမာမြေ**
သာစည်ဘူတာမှာ အထုပ်ကြီးငယ် ၄၀ လောက်နဲ့ လျှောက်သွားနေတတ်တဲ့ အသက် ၆၀ အရွယ် စိတ်မနှံ့တဲ့ အမျိုးသမီးကြီးတဦးကို မီးရထားဝန်ထမ်းတွေနဲ့ ဒေသခံတွေက ဒေါ်ချိုလို့ခေါ်ကြပါတယ်။
ဘယ်သူ့ကိုမှရန်ရှာခြင်း ဆဲဆိုခြင်းမရှိသလို သူများပေးတာကမ်းတာစားပြီး အမြဲတမ်းပြုံးချိုနေတတ်ပါသတဲ့။ သာစည်ဘူတာ ပလက်ဖေါင်း အမှတ် ၅ နဲ့ တွဲပြင်ရုံဘေးက ရထားရဲတွေနေတဲ့ ကြားကနေရာဟာ သူ့ရဲ့စံမြန်းရာ နန်းမဆောင်ဖြစ်ပါတယ်။
မေလ ၂၅ ရက်ညမှာတော့ သာစည်အခြေစိုက် ခမရ ၄၁၉ က တပ်သားအောင်အောင်ကနေ ဒေါ်ချိုကို ပါးစပ်ပိတ်ပြီး အတင်းအဓမ္မ မုဒိမ်းကျင့်သွားပါတယ်။ သူ့ကိစ္စအထမြောက်ပြီးချိန်လောက်မှာ ဘူတာက ဈေးသည်တွေကမြင်လို့ ၀ိုင်းပြီးသူ့ကို
ခဲတွေနဲ့ပေါက်ပြီး ရထားရဲတွေနဲ့ဝိုင်းထားချိန်မှာ သူ့အဖေါ် ၄၁၉ တပ်ရင်းက တခြားစစ်သားတွေရောက်လာပြီး သူတို့အရေးယူမယ်ဆိုကာ တပ်ရင်းကိုခေါ်ဆောင်သွားပါသတဲ့။
ဘာမှမသိရှာတဲ့ ဒေါ်ချိုခမျာတော့ ငိုယိုပြီး ကျန်ခဲ့ပါသတဲ့။
ဒီနောက်ပိုင်းမှာတော့ တပ်သားအောင်အောင်ကို အရေးယူခြင်းမရှိတဲ့အတွက် မီးရထားရဲတွေနဲ့ ဒေသခံတွေဟာ ခမရ ၄၁၉ နဲ့စိတ်မနှံ့ရှာတဲ့ အမယ်အိုကြီးကိုတောင် မရှောင်တဲ့ တပ်သားအောင်အောင်ကို မကျေမနပ်ဖြစ်နေကြပါတယ်။
ဒီတပ်သားအောင်အောင်ဟာ အရင်ကလည်း သာစည်ဘူတာမှာလာတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်ထဲဝင်ဖို့ နည်းမျိုးစုံနဲ့ ဆွဲဆောင်စည်းရုံးနေသူတဦးဖြစ်တယ်လို့လည်းသိရပါတယ်။
သာစည်ဘူတာလိုနေရာမှာတောင် စိတ်မနှံ့တဲ့ အမယ်အိုတယောက်ကို ဒီလိုလုပ်တဲ့စစ်သားတွေဟာ နယ်စပ်ရှေ့တန်းစစ်မျက်နှာတွေမှာ တွေ့ရာမရှောင်လုပ်မယ် ဆိုတာကတော့ ဒီလုပ်ရပ်က သက်သေပြနေပါတယ်။
**အညာနွေတမာမြေ**


No comments:
Post a Comment