(ဗျူနို့အေရိစ်၊ ဇွန်လ ၆-ရက်)
အာဂျင်တီးနားရဲတပ်ဖွဲ့က ဗျူနို့အေရိစ်မြို့ရှိ မှတ်ပုံတင်မထားသည့် စက်ရုံရှစ်ရုံကို စီးနင်းပြီးနောက် တရားမ၀င် ဘိုလီးဗီးယားနှင့် ပီရူးအလုပ်သမား ၁၄-ဦးကို ဖမ်းဆီးလိုက်ကြောင် အင်တာနက်သတင်းတစ်ရပ်တွင် ဇွန်လ ၅-ရက်နေ့က ဖော်ပြသည်။ (အင်တာနက်)
*** တူရကီ၌ ဘိန်းဖြူများ သိမ်းဆည်းရမိ ***
(အင်ကာရာ၊ ဇွန်လ ၆-ရက်)
တူရကီနိုင်ငံ ဘီတစ်ပြည်နယ်အတွင်း၌ ဘိန်းဖြူ ၅၁ ဒသမ ၅-ကီလိုဂရမ်ကို ဇွန်လ ၅-ရက်နေ့တွင် သိမ်းဆည်းရမိကြောင်း တူရကီရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** ပါကစ္စတန်တောင်ပိုင်း၌ ရေလွှမ်းမှုဖြစ်ပွား ***
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ပါစနီနှင့် ဂျီဗာနီဒေသများတွင် ဇွန်လ ၆-ရက်နေ့ နံနက်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမှုများဖြစ်ပွားရာ နေအိမ်ရာပေါင်းများစွာ ရေလွှမ်းခံရပြီး ဒေသခံအများအပြား ရေဘေးဒုက္ခကြုံတွေ့နေရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပါကစ္စတန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** တရုတ်အနောက်တောင်ပိုင်း၌ မိုးသည်းထန်မည်ဟု သတိပေး ***
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများတွင် နောက်သုံးရက်အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည်ဟု သတိပေးချက် ထုတ်ပြန်ထားကြောင်း တရုတ်အရာရှိများက ဇွန်လ ၆-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
*** တရားမ၀င် အလုပ်သမား ၁၄-ဦး အာဂျင်တီးနားတွင် ဖမ်းဆီးခံရ ***

No comments:
Post a Comment