အဘစာဆိုကို ကြည်ညိုစွာ ဖူးမ၀။
လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူး အတိတ်တွေက
အရိပ်လို လိုက်ပါပြီး
ခြေရာခံလို့ ဆွမ်းတသသ။
ကိုးဆယ်ကျော် စာဆိုကြီးလဲ
ယေင်တီးယောင်တောင်နဲ့
ဘကြီးအောင် ဘယ်လိုညာခဲ့ပါလိမ့်
ဘယ်ရွာက ဆင်စွယ်ပန်းပုရုပ်လဲ
အဖြေထုတ်လို့မရ သို့မဟုတ် မလှ။
ဆင်စွယ်ရုပ်ကလေးနဲ့ နှင်းဆီပွင့်ကို
ရင်နင့်စွာ သိမ်းဆည်းပြီးနောက်
စာဆိုကြီးကို ဦးချ
အိပ်မက်ထဲမှာ မပြယ်နိုင်သေးတဲ့
နှင်းဆီရနံ့ကလေးက မွှေးမြမြ…။ ။
*** တင်မိုး ***
(၂၄၊ ဇွန်၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
တမ်းတမ်းတတနဲ့
အဘစာဆိုကို ကြည်ညိုစွာ ဖူးမ၀။
လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူး အတိတ်တွေက
အရိပ်လို လိုက်ပါပြီး
ခြေရာခံလို့ ဆွမ်းတသသ။
ကိုးဆယ်ကျော် စာဆိုကြီးလဲ
ယေင်တီးယောင်တောင်နဲ့
ဘကြီးအောင် ဘယ်လိုညာခဲ့ပါလိမ့်
ဘယ်ရွာက ဆင်စွယ်ပန်းပုရုပ်လဲ
အဖြေထုတ်လို့မရ သို့မဟုတ် မလှ။
ဆင်စွယ်ရုပ်ကလေးနဲ့ နှင်းဆီပွင့်ကို
ရင်နင့်စွာ သိမ်းဆည်းပြီးနောက်
စာဆိုကြီးကို ဦးချ
အိပ်မက်ထဲမှာ မပြယ်နိုင်သေးတဲ့
နှင်းဆီရနံ့ကလေးက မွှေးမြမြ…။ ။
*** တင်မိုး ***
(၂၄၊ ဇွန်၊ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
No comments:
Post a Comment