အသက် ၉၀ ရှိပြီဖြစ်သော ၀ါရင့် မန်ယူနည်းပြကြီး ဖာဂူဆန်ထံသို့ တပည့်ဟောင်းများဖြစ်သည့် နဗီးလ်၊ ဘက်ခမ်းနှင့် ဂစ်တို့ကလာရောက် ဂါရ၀ပြုကြသည်။ ဖာဂူဆန်မှာအသက် အရွယ်ကြီးမြင့်သည်နှင့်အမျှ မျက်စိလည်းမှုန်နေပေပြီ၊ နဗီးလ်က အိပ်ခန်း ၁၅-ခန်းပါအိမ်တစ်လုံး လက်ဆောင်ပေးပြီး ဘက်ခမ်းကမူ မာစီးဒီးစ်ဇိမ်ခံကားတစ်စီးနှင့် ဒရိုင်ဘာတစ်ဦးပေးသည်။ ဂစ်ကတော့ သမ္မာကျမ်းစာကို အာဂုံဆောင်နိုင်သည့် ကြက်တူရွေးတစ်ကောင်ဖြင့် ဂါရ၀ပြုသည်။ ဖာဂူဆန်က `နဗီးလ်ရေ… မင်းအိမ်က ကြီးမားလွန်းတော့ ငါတစ်ယောက်တည်းအတွက် ကျယ်လွန်းတယ်ကွ… ကျေးဇူးတင်ပေမယ့် ပြန်ယူလိုက်ပါကွာ။ ဘက်ခမ်းရေ… မင်းကားက ကောင်းပေမယ့် ငါကလည်း မမောင်းတတ်၊ သွားစရာလည်း မရှိတော့ မလိုအပ်ပါဘူးကွာ´
`သြော်… ဒါနဲ့ ဂစ်ရေ… မင်းကိုတော့ ကျေးဇူးတင်တယ်ဟေ့… မင်းပို့လိုက်တဲ့ ကြက်တူရွေးက စားလို့အတော်ကောင်းသကွ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment