တောင်အာဖရိကနိုင်ငံ ဘလွန်းဖွန်တိန်မြို့၌ ယှဉ်ပြိုင်ကစားမည့် ဂျာမနီနှင့် အင်္ဂလန်တို့ပွဲအား ကြည့်ရှုအားပေးမည့် ပရိသတ်များစီးနင်းလိုက်ပါလာသည့် လေယာဉ်မှာ အင်ဂျင်ပြဿနာကြောင့် ဘလွန်းဖွန်တိန်မြို့အနီးမြေပြင်၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း၊ ထိခိုက်မှုမရှိကြောင်း ဇွန်လ ၂၈-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ရွန်နီ အင်္ဂလန်အသင်းမှ အနားယူရန် စဉ်းစားနေဟုဆို **
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ခြေစွမ်းမပြနိုင်သည့်အပြင် အင်္ဂလန်အသင်း ဂျာမနီကိုရှုံးပြီး ပြိုင်ပွဲမှထွက်ခဲ့ရသဖြင့် မိမိသည် အင်္ဂလန်အသင်းမှ အနားယူရန် စဉ်းစားနေကြောင်း ရွန်နီက ဇွန်လ ၂၈-ရက်နေ့တွင် သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** အင်္ဂလန်အသင်းအား အနိုင်ယူရန်အခက်အခဲမရှိခဲ့ကြောင်း အိုဇယ်ပြောကြား **
မိမိတို့ ဂျာမနီအသင်းသည် အင်္ဂလန်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့သည့်ပွဲ၌ အခက်အခဲမရှိကြောင်း ယင်းမှာ မိမိတို့ကစားသမားများအားလုံး နိုင်လိုစိတ်ပြင်းထန်ခဲ့၍ဖြစ်ကြောင်း ဂျာမနီကွင်းလယ်ကစားသမား အိုဇယ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** နည်းပြကာပယ်လို အနာဂတ်အတွက် ဆုံးဖြတ်မည် **
အင်္ဂလန်အသင်းနည်းပြအဖြစ် ဆက်လက်တာဝန်ယူရေး မိမိ၏အနာဂတ်ကို မကြာမီဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နည်းပြကာပယ်လိုက ဇွန်လ ၂၈-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
** ကိတ်ဗ်တောင်းမြို့ရှိ ပရိသတ်များ စည်ကားခဲ့ **
ဂျာမနီနှင့် အင်္ဂလန်တို့ပွဲအား ရုပ်မြင်သံကြားမှတစ်ဆင့် ကြည့်ရှုအားပေးသော ပရိသတ်များအနက် တောင်အာဖရိကနိုင်ငံ ကိတ်ဗ်တောင်းမြို့၌ ပရိသတ်တစ်သန်းခန့်ကြည့်ရှုအားပေးခဲ့ကြောင်း တောင်အာဖရိက အားကစားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ဂျာမနီသည် အသင်းကောင်းဖြစ်ကြောင်း လမ်းပတ် ၀န်ခံ **
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီအသင်းသည် အင်အားတောင့်တင်းပြီး အသင်းကောင်းတစ်သင်းဖြစ်ကြောင်း၊ ကစားရခက်ခဲကြောင်း အင်္ဂလန်ကွင်းလယ်ကစားသမား လမ်းပတ်က ၀န်ခံပြောကြားသည်။ (အင်တာနက်)
** ဂိုးအများဆုံးသွင်းယူနိုင်ရေး ကြိုးစားမည်ဟု ဟီဂူအင် ပြောကြား **
အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်သည် မက္ကဆီကိုအသင်းကို အာဂျင်တီးနားတို့ အနိုင်ယူခဲ့သည့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ရာ ယခုအချိန်ထိ လေးဂိုးသွင်းထားနိုင်သဖြင့် ဂိုးအများဆုံးသွင်းနိုင်သူဖြစ်ရန် ကြိုးစားသွားမည်ဟု ဟီဂူအင်က သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** ကစားသမားအခင်းအကျင်းပြောင်းမည်ဟု မာရာဒိုနာ ပြောကြား **
ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်သည့်အခါ အာဂျင်တီးနားအသင်းအား အခင်းအကျင်းပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ပြိုင်ဘက်အသင်းများအား ပိုမိုတိုက်စစ်ဆင် ကစာ:နိုင်ရန်အတွက်ဖြစ်ကြောင်း နည်းပြမာရာဒိုနာက ပြောကြားသည်။ (အင်တာနက်)
** မက္ကဆီကိုခြေစွမ်းကို အံ့သြဟု မက်ဆီဖွင့်ဟ **
အာဂျင်တီးနားအသင်းသည် မက္ကဆီကိုအသင်းကို သုံးဂိုးသွင်းပြီး နိုင်ပွဲရရှိခဲ့သော်လည်း မက္ကဆီကိုတို့၏ ခြေစွမ်းနှင့် ကစားအားကို မိမိအံ့သြရကြောင်း၊ မက္ကဆီကိုအသင်းသည် အသင်းကောင်းတစ်သင်းဖြစ်ကြောင်း အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **
** ဘောလုံးပရိသတ်လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ **

No comments:
Post a Comment