လာမည့် ၂၀၁၁ ခုနှစ်တွင် ကျင်းပမည့် ဂျီ-၈ ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ ဂျီ-၈ ခေါင်းဆောင်များကလည်း သဘောတူညီခဲ့ကြကြောင်း ဇွန်လ ၂၈-ရက်နေ့တွင် ပြင်သစ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** တိုယိုတာကားများ အရောင်းရပ်ဆိုင်းထားရ **
၂၀၁၀ ခုနှစ်ထုတ် ဂျပန်တိုယိုတာမော်တော်ယာဉ် levus HS 250h အမျိုးအစားများတွင် ပြုပြင်စရာများတွေ့ရှိရသဖြင့် ကမ္ဘာ့ဈေးကွက်တွင် အရောင်းရပ်ဆိုင်းထားရကြောင်း ဂျပန်အရာရှိများက ဇွန်လ ၂၈-ရက်တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ရေနံများကိုရှင်းလင်းဖယ်ရှားပြီးဖြစ်ကြောင်း**
မက္ကဆီကိုပင်လယ်ကွေ့ ရေပြင်တွင် ပျံ့နှံ့လျက်ရှိသော ရေနံများကို ယခုအခါ အားလုံး ရှင်းလင်းဖယ်ရှားပြီးဖြစ်ကြောင်း အနည်းငယ်သာကျန်ရှိတော့ကြောင်း မက္ကဆီကိုအရာရှိများက ဇွန်လ ၂၈-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ပီရူးနိုင်ငံ လီမာမြို့အနီး လေယာဉ်ငယ်ပျက်ကျ **
ပီရူးနိုင်ငံ လီမာမြို့အရှေ့ဘက်တွင် ဇွန်လ ၂၈-ရက်နေ့တွင် လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ကြောင်း၊ လေယာဉ်မှူးသေဆုံးခဲ့ကြောင်း လီမာမြို့ ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** အိုကီနာဝါကျွန်းကမ်းလွန်တွင် ငလျင်လှုပ် **
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းကမ်းလွန်တွင် ဇွန်လ ၂၈-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၂-ရှိ ငလျင်လှုပ်ခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း ဂျပန်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ၂၀၁၁ ခုနှစ် ဂျီ-၈ ထိပ်သီးအစည်းအဝေး ပြင်သစ်၌ ကျင်းပမည် **

No comments:
Post a Comment