ကဗျာဆရာပါ။
အေး… ကဗျာဆရာဆိုရင်
ငါက အလိုလို ကြည်ညိုပြီးသားပါ။
**လောကရဲ့ လျှို့ဝှက်အလှကို
သြဇဂုဏ် မြောက်မြောက်နဲ့
အံ့လောက်ဖွယ် ဖွဲ့တတ်သူမို့
ငါကြည်ဖြူပါတယ်။
**အမှန်တရားကို ချေမှုန်း
စုံလုံးကန်းအောင် အလုပ်ခံရတဲ့အခါ
မင်းရဲ့ ကာရန်တွေက
ဒို့ရင်ထဲက အသံတွေ ဖြစ်လာတယ်။
**နှလုံးသားရဲ့ အရိုးသား အဖြူစင်ဆုံး ဘာသာစကားမို့
လှည့်ဖြားမှု ကင်း
စဉ်းလဲမှုမပါ မာယာထောင်ချောက်မဟုတ်
အပုပ်အသိုးနံ့မရှိ
ပက်ကျိလို ကျောရိုးမမဲ့
တကယ့် ကွန့်မြူးချက် အစစ်ဖြစ်ပါတယ်။
**ဘာသာစကားရဲ့ ဣနြေ္ဒ
အသရေ ထွန်းတောက်စေတဲ့
ဂုဏ်မြောက်တဲ့ ကဗျာ
ငါ သိပါတယ်။
**ဘာသာစကား မီးကျိုးမောင်းပျက်
ပဉ္စလက်မှော် တန်ခိုးနဲ့မို့
အရိုးခံ ပျောက်
သူခိုးဥာဏ် ပေါက်ပြီး
ကျီးမရောက် ကြက်မမြောက်
အောင်ကလိအာ နိမိတ်ပုံတွေနဲ့
တုန်လှုပ်စရာ ဂုဏ်လုပ်ကဗျာကို
ရွှေထုပ်တဲ့ မြပ၀ါ မလုပ်ပါဘူး။
**ကဗျာဟာ
လူတကာ ရင်ထဲမှာ
ထင်စွဲနေတဲ့ ပဲ့တင်သံ
ကာရန်တွေ အတောင်ပေါက်ပြီး
ဟိုရောက် သည်ရောက် မပျံ
အမှန်တရားရဲ့ လေးစားဖွယ် မန္တန်။
**ဥုံမခံဘဲ ဂုဏ်လျှံတဲ့ တေးသံ
အေး… ကဗျာဟာ သစ္စာကြေးမုံမှန်…။ ။
** တင်မိုး **
(၄ ဇူလိုင်၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
**မင်းက ဘယ်သူလဲ
ကဗျာဆရာပါ။
အေး… ကဗျာဆရာဆိုရင်
ငါက အလိုလို ကြည်ညိုပြီးသားပါ။
**လောကရဲ့ လျှို့ဝှက်အလှကို
သြဇဂုဏ် မြောက်မြောက်နဲ့
အံ့လောက်ဖွယ် ဖွဲ့တတ်သူမို့
ငါကြည်ဖြူပါတယ်။
**အမှန်တရားကို ချေမှုန်း
စုံလုံးကန်းအောင် အလုပ်ခံရတဲ့အခါ
မင်းရဲ့ ကာရန်တွေက
ဒို့ရင်ထဲက အသံတွေ ဖြစ်လာတယ်။
**နှလုံးသားရဲ့ အရိုးသား အဖြူစင်ဆုံး ဘာသာစကားမို့
လှည့်ဖြားမှု ကင်း
စဉ်းလဲမှုမပါ မာယာထောင်ချောက်မဟုတ်
အပုပ်အသိုးနံ့မရှိ
ပက်ကျိလို ကျောရိုးမမဲ့
တကယ့် ကွန့်မြူးချက် အစစ်ဖြစ်ပါတယ်။
**ဘာသာစကားရဲ့ ဣနြေ္ဒ
အသရေ ထွန်းတောက်စေတဲ့
ဂုဏ်မြောက်တဲ့ ကဗျာ
ငါ သိပါတယ်။
**ဘာသာစကား မီးကျိုးမောင်းပျက်
ပဉ္စလက်မှော် တန်ခိုးနဲ့မို့
အရိုးခံ ပျောက်
သူခိုးဥာဏ် ပေါက်ပြီး
ကျီးမရောက် ကြက်မမြောက်
အောင်ကလိအာ နိမိတ်ပုံတွေနဲ့
တုန်လှုပ်စရာ ဂုဏ်လုပ်ကဗျာကို
ရွှေထုပ်တဲ့ မြပ၀ါ မလုပ်ပါဘူး။
**ကဗျာဟာ
လူတကာ ရင်ထဲမှာ
ထင်စွဲနေတဲ့ ပဲ့တင်သံ
ကာရန်တွေ အတောင်ပေါက်ပြီး
ဟိုရောက် သည်ရောက် မပျံ
အမှန်တရားရဲ့ လေးစားဖွယ် မန္တန်။
**ဥုံမခံဘဲ ဂုဏ်လျှံတဲ့ တေးသံ
အေး… ကဗျာဟာ သစ္စာကြေးမုံမှန်…။ ။
** တင်မိုး **
(၄ ဇူလိုင်၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)


No comments:
Post a Comment