(တိုရွန်တို၊ ဇွန်လ ၂၇-ရက်)
ကနေဒါနိုင်ငံ တိုရွန်တိုမြို့မြောက်ပိုင်းရှိ အပန်းဖြေစခန်းတစ်နေရာတွင် ရှစ်နိုင်ငံအုပ်စု(ဂျီ၀၈)ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ဇွန်လ ၂၅-ရက်နေ့က ကျင်းပခဲ့ကြောင်း အင်တာနက် သတင်းတွင် ဖော်ပြသည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်နေရသည့် ပြဿနာများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဟု ဆိုသည်။ ကူညီထောက်ပံ့မှုများ လျော့နည်းလာခြင်းသည် လူအများကို ပိုမိုငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့စေနိုင်သည်ဟု ကမ္ဘာ့ဘဏ်က အစောပိုင်းကပင် သတိပေးထားသည်။ (အင်တာနက်)
** အာကာသစီမံကိန်း ရုရှားဆောင်ရွက်မည် **
(မော်စကို၊ ဇွန်လ ၂၇-ရက်)
၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် ရုရှားနိုင်ငံက အာကာသလွန်းပြန်ယာဉ်များနှင့် အလွန်ကြီးမားသည့် အာကာသယာဉ်တင်ဒုံးပျံ တည်ဆောက်မည့်အစီအစဉ်ကို ပြန်လည် ဆောင်ရွက်မည်ဖြစ်ကြောင်း အင်တာဖက်စ်သတင်းဌာနက ဇွန်လ ၂၆-ရက်နေ့တွင် ဖော်ပြသည်။ (အင်တာနက်)
** လက်ထပ်ပွဲ၌ မီးလောင်မှုဖြစ်ပွား **
(တီဘက်ဆာ၊ ဇွန်လ ၂၇-ရက်)
အယ်လ်ဂျီးရီးယားနိုင်ငံ တီဘက်ဆာဒေသ၏ တောင်ဘက်ကီလိုမီတာ ၁၁၀-အကွာ စတက်ဂျန်တာမြို့ရှိ လက်ထပ်ပွဲတစ်ခုတွင် ဇွန်လ ၂၄-ရက်နေ့ညနေပိုင်းက အကြမ်းဖက်အုပ်စုတစ်စု၏ မီးရှို့တိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း လုံခြုံရေးသတင်းရပ်ကွက်က ဇွန်လ ၂၇-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ထွက်ပြေးသွားသူများအား အပူတပြင်း လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရသည်။ (ဆင်ဟွာ)
** အပူပိုင်း မုန်တိုင်းတစ်ခု မက္ကဆီကို ပင်ကွေ့သို့ ဦးတည် **
(မက္ကဆီကိုစီးတီး၊ ဇွန်လ ၂၇-ရက်)
အပူပိုင်းမုန်တိုင်းတစ်ခုသည် မက္ကဆီကိုပင်လယ်ကွေ့ရှိ ရေနံယိုဖိတ်သည့်နေရာသို့ ဦးတည်နေကြောင်း သို့ရာတွင် ဘီပီကုမ္ပဏီအနေဖြင့် ပန်းထွက်နေသည့် ရေနံထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုများတွင် တိုးတက်မှုများ ယနေ့တိုင် မရရှိသေးကြောင်း အင်တာနက်သတင်းတွင် ဇွန်လ ၂၆-ရက်နေ့က ဖော်ပြသည်။ (အင်တာနက်)
** အင်ဒိုနီးရှား အနောက်ဂျာဗားပြည်နယ်၌ ငလျင်လှုပ် **
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် ဇွန်လ ၂၇-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၃-ရှိ ငလျင်လှုပ်ခဲ့ရာ နေအိမ်အဆောက်အအုံများ ယိမ်းထိုးလှုပ်ခါခဲ့ကြောင်း၊ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း အင်ဒိုနီးရှားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်းပြန်တက် **
ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းများ အနည်းငယ်ပြန်တက်လျက်ရှိရာ ဂျပန်ငွေကြေးဈေးကွက်တွင် ဇွန်လ ၂၇-ရက်နေ့တွင် ဂျပန်ယန်းငွေ ၇၉ ယန်းလျှင် အမေရိကန်တစ်ဒေါ်လာဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ဂျီ-၈ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ကနေဒါ တိုရွန်တိုမြောက်ပိုင်းတွင် ကျင်းပ **

No comments:
Post a Comment