ရှုံးထွက်ပွဲစဉ်အဖြစ် အမေရိကန်ကို နှစ်ဂိုး- တစ်ဂိုးဖြင့်အနိုင်ရပြီး ကွာတားဖိုင်နယ်တက်ရောက်ခဲ့သော ဂါနာအသင်းသည် အာဖရိကအတွက် မှတ်တမ်းအသစ်ရေးထိုးမည်ဖြစ်ကြောင်း ဂါနာတိုက်စစ်မှူးဘိုရာတန်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားလိုက်သည်။ (အင်တာနက်)
** ကမ္ဘာ့ဖလားပွဲပြီးလျှင် ဘောလုံးကိစ္စဆွေးနွေးမည် **
၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲပြီးလျှင် အသင်းနည်းပြများ၊ အသင်းခေါင်းဆောင်များနှင့်တွေ့ဆုံကာ ဆွေးနွေးသုံးသပ်မှုများပြုလုပ်သွားမည်ဟု ဖီဖာတာဝန်ရှိသူများက ဇွန်လ ၂၇-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** နှစ် ၂၀ အတွင်း အကောင်းဆုံးကမ္ဘာ့ဖလားပွဲဟု ဖီဖာပြောကြား **
၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသည် နှစ်ပေါင်း ၂၀-အတွင်း အကောင်းဆုံးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဖြစ်ကြောင်း ဖီဖာအတွင်းရေးမှူး ဗာလက်ကီက ဇွန်လ ၂၇-ရက်နေ့၌ သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** ဂျိုဟန်နစ္စဘတ်မြို့၌ အားကစားကိုယ်စားလှယ် တစ်ဦးသေဆုံး **
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့၌ ဇွန်လ ၂၆-ရက်နေ့က နိုင်ငံတကာ ဘောလုံးသံတမန်ကတ်ပြားချိတ်ဆွဲထားသော ကိုယ်စားလှယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံးသွားကြောင်း မည်သည့်နိုင်ငံက ဖြစ်သည်ကိုမူ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တောင်အာဖရိက ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** အကောင်းဆုံးကစားနိုင်ခဲ့ဟု ပတ်ဂျီဆန်ပြောကြား **
ရှုံးထွက်ပွဲစဉ်အဖြစ် ဥရုဂွေးနှင့် တောင်ကိုရီးယားတို့ယှဉ်ပြိုင်ကစားသည့်ပွဲတွင် မိမိတို့ နှစ်ဂိုး- တစ်ဂိုးဖြင့်ရှုံးပြီး ပြိုင်ပွဲမှထွက်ခဲ့ရသော်လည်း အကောင်းဆုံး ခြေစွမ်းဖြင့် ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ စိတ်ဓာတ်ကောင်းများရရှိခဲ့ကြောင်း တောင်ကိုရီးယားအသင်းခေါင်းဆောင် ပတ်ဂျီဆန်က ဇွန်လ ၂၇-ရက်နေ့တွင် သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** ဥရုဂွေးတို့ နှစ် ၄၀-အတွင်း မှတ်တမ်းသစ်တင် **
ရှုံးထွက်အဆင့်တွင် တောင်ကိုရီးယားကို နှစ်ဂိုး- တစ်ဂိုးဖြင့်အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့မှုသည် ၁၉၇၀-ပြည့်နှစ်မှ စတင်ကာ ဥရုဂွေးတို့ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်သို့တက်ရောက်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၄၀-အတွင်း မှတ်တမ်းသစ် တင်နိုင်ခြင်းဖြစ်သည်။ (အင်တာနက်)
** ဂါနာတိုက်စစ်မှူးအဆာမို ကြွက်သားဒဏ်ရာရရှိ **
အမေရိကန်နှင့် ရှုံးထွက်ပွဲစဉ်ကစားခဲ့ရာတွင် ဂါနာတိုက်စစ်မှူး အဆာမိုသည် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ကြောင်း၊ ဆေးကုသမှုခံယူပါက ကွာတားဖိုင်နယ်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင် ဂါနာအသင်းမှ တာဝန်ရှိသူများက ဇွန်လ ၂၇-ရက်တွင် ပြောကြားသည်။ (အင်တာနက်)
** အကြိုဗိုလ်လုပွဲတက်မည်ဟု ဥရုဂွေးနည်းပြပြောကြား **
ရှုံးထွက်အဆင့်၌ တောင်ကိုရီးယားအနိုင်ရပြီး ကွာတားဖိုင်နယ်တက်ရောက်ခဲ့သည့် ဥရုဂွေးအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်ဟု ယုံကြည်နေကြောင်း နည်းပြအော်စကာတာဘရက်စ်က ဇွန်လ ၂၇-ရက်တွင် သတင်းထောက်များအား ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **
** မှတ်တမ်းသစ်ရေးထိုးမည်ဟု ဂါနာတိုက်စစ်မှူး ပြောကြား **

No comments:
Post a Comment