၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံလုပွဲကို တောင်အာဖရိကစံ တော်ချိန် ယမန်နေ့ (ထိုင်းနဲ့ မြန်မာစံတော်ချိန် ယနေ့ နံနက်)ပိုင်းက ယှဉ်ပြိုင်ခဲ့ရာမှာ စပိန်က နယ်သာလန်(ခ) ဟော်လန်ကို အချိန်ပို ဒုတိယပိုင်းမှာ စပိန် အလယ်တန်း လူ အင်နီယေစတာရဲ့ အဖိုးတန်ဂိုးနဲ့ အနိုင်ရရှိသွား ပါတယ်။ ဒါကြောင့် စပိန်ဟာ ယခင်က ဘရာဇီးအသင်း ၅-ကြိမ်၊ အီတလီအသင်း ၄-ကြိမ်၊ ဂျာမနီအသင်း ၃-ကြိမ်၊ ဥရုဂွေးအသင်းနဲ့ အာဂျင်တီးနားအသင်း ၂-ကြိမ်စီ၊ ပြင်သစ်၊ အင်္ဂလန်၊ စပိန် ၁-ကြိမ်စီဆိုတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ သမိုင်းမော်ကွန်းထဲမှာ သမိုင်းသစ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။ အမှန်တော့ ဒီနှစ် ကမ္ဘာ့ဖလား ချန်ပီယံအသစ်ဟာ စပိန်ပဲဖြစ်ဖြစ်၊ ဟော်လန်ပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ကမ္ဘာ့ဘောလုံးပရိသတ်က ချစ်ကြမှာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘရာဇီးချည်း၊ အာဂျင်တီးနားချည်း၊ ဂျာမနီချည်းဗိုလ်စွဲကြတာကို ကမ္ဘာ့ဘောလုံးပရိသတ်အများစုက လိုလားကြမှာ မဟုတ်ပါ ဘူး။ အပြောင်းအလဲတခုအရ ချန်ပီယံသစ် ပေါ်ထွက်လာတာကိုပဲ လိုလိုလားလား၊ နှစ်နှစ်ခြိုက်ခြိုက် ကြိုက် နှစ်သက်ကြမှာ ဖြစ်ပါကြောင်း…..။
** မြန်မာပြည်သားဘလော့ဂ် **
** မြန်မာပြည်သားဘလော့ဂ် **
Rest of your post

No comments:
Post a Comment