(ဂျီနီဗာ၊ ဇူလိုင်လ ၁၀-ရက်)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂါဇာကမ်းမြောင်နှင့် ပတ်သက်သည့် ထားရှိသော မဟာဗျူဟာကို ပြောင်းလဲပေးရန် အစ္စရေးအစိုးရအား တိုက်တွန်းလိုက်သည်။ (အင်တာနက်)
** ကမ္ဘာ့အကြီးဆုံး ရေကြောင်းဆိုင်ရာပြတိုက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဖွင့်လှစ် **
(ရှန်ဟိုင်း၊ ဇူလိုင်လ ၁၀-ရက်)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ အကြီးဆုံးသော ရေကြောင်းပညာသင်ကျောင်းနှင့် ကမ္ဘာ့အကြီးဆုံး ရေကြောင်း အတတ်ပညာပြတိုက်ကို ဇူလိုင်လ ၈-ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။ (ဆင်ဟွာ)
** သဘာဝဘေးကြောင့် တရုတ်၌ ၃၅၁၄-ဦး သေဆုံးခဲ့ **
(ပေကျင်း၊ ဇူလိုင်လ ၁၀-ရက်)
တရုတ်နိုင်ငံတွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း သဘာဝအန္တရာယ် ကြုံတွေ့ရမှုကြောင့် ပြည်သူပေါင်း ၃၅၁၄-ဦး သေဆုံး၍ ၄၈၆-ဦး ပျောက်ဆုံးနေကြောင်း၊ စီးပွားရေးအရ ၃၁ ဒသမ ၁၉ ဘီလီယံဖိုးဆုံးရှုံးခဲ့ရကြောင်း ပြည်သူ့ရေးရာဝန်ကြီးဌာနက ဇူလိုင်လ ၉-ရက်နေ့တွင် ပြောကြားသည်။ (ဆင်ဟွာ)
** ဒုံးပျံလွှတ်တင်ရေး တောင်ကိုရီးယားနှင့် ရုရှား ဆွေးနွေးမည် **
တောင်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့် ဇွန်လ၌ မအောင်မြင်သော အာကာသဒုံးပျံယာဉ်လွှတ်တင်မှုအစီအစဉ် ပြီးစီးပြီးနောက် အာကာသဒုံးပျံယာဉ်လွှတ်တင်ရေး တိုးတက်အောင်မြင်မှုရရှိစေရန် ရုရှားနှင့် တွေ့ဆုံဆွေးနွေးမှုများကို လာမည့် သီတင်းပတ်၌ ဆိုးလ်မြို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း တောင်ကိုရီးယားအရာရှိများက ဇူလိုင်လ ၁၀-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ပါလက်စတိုင်းကျောင်းသားများ ဆိုလာကားတီထွင် **
ပါလက်စတိုင်း အင်ဂျင်နီယာကျောင်းသားများက ဒီဇိုင်းပုံစံထုတ်ကာ တီထွင်ထုတ် လုပ်ခဲ့သည့် နေစွမ်းအင်သုံး ဆိုလာကားတစ်စီးကို အနောက်ဘက်ကမ်းခြေဒေသ ဟီဘရွန်မြို့၌ ဇူလိုင်လ ၁၀-ရက်နေ့က စတင်စမ်းသပ် မောင်းနှင့်ခဲ့ကြောင်း ပါလက်စတိုင်း အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ပါလက်စတိုင်း ပြည်သူတို့၏ လိုလားချက် ဖြည့်ဆည်းပေးရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း **

No comments:
Post a Comment