အပြစ်ဟူသမျှ လျစ်လှူရှု
အချစ်မူတွေစုပြီး ခွင့်လွတ်တော့
လွတ်မြောက်မှု စခန်း
ဘယ်မှာ ကြိုးပမ်းတော့မှာလဲ။
**အပြစ်ကို မှန်းပေမယ့်
အပြစ်ရှိသူ အားလုံးကို
အမုန်းမရှိ
နှလုံးသားမှာ အမုန်းမပွား
အပြုံးများနဲ့တောင် ကြည့်နိုင်သတဲ့။
**သံသရာထဲမှာ
ရန် ငါ မကွဲသမျှတော့
ခံရမှာပဲ ကွယ်။
**အပြစ်တွေ့သမျှ
အချစ်ငွေ့နဲ့ ဖုံး
အမုန်း အတေးကိုလဲ
အပြုံးကလေးနဲ့ သည်းခံ
အကျည်းတန်သမျှ အလှဆင်
အဲဒါ မြင့်မြတ်တဲ့ သူတော်စင်။
**လူ့ခွင် တလွှားမှာ
ပုထုဇဉ် သမားပေမို့
တရားကို မတရား
မတရားကို တရား မလုပ်နိုင်။
**အမှားကို အမှန်
တရားခံကို တရားလို မလုပ်နိုင်။
**အဖြူကို အမဲ
ပုလဲကို မဟူရာ မလုပ်နိုင်။
**လောကီရေးကိုတော့
လောကီရေးလို့ပဲ ရှုရမှာပဲ
တောမှီအတွေးနဲ့တော့ မယှဉ်လေနဲ့။
**နိုင်ငံရေး အလုပ်ဆိုတာ
ဥပုသ်စောင့်တာ မဟုတ်
တရားထိုင်တာ မဟုတ်
မေတ္တာပို့တာ မဟုတ်။
အမှန်ရောက်အောင်
ထွင်းဖေါက် ဖြေရှင်းခြင်းသာ ဖြစ်တယ်။
**လူကြီးဖြစ်လာမှတော့
ပုတီးကိုင်ချင်သလိုလို ဖြစ်တတ်တယ်။
**စိပ်ပုတီးနဲ့ ပေါက်ရင်
အားလုံးပဲ ပပျောက်နိုင်တယ် ဆိုတဲ့
ဘိုးတော်လက်ကိုင် ဘိုးတော်ဝါဒနဲ့
ဘာကိုမျှ မကုစားနိုင်ပါ။
**အမျှဝေ ကြေးစည်ထုပေမယ့်
သာဓု မခေါ်နိုင်သူတွေ အနန္တ။
**နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့
စစ်ရေးကို စစ်ရေးနည်းနဲ့
သံတမန်ရေးကို သံတမန်ရေးနဲ့
စီးပွားရေးကို စီးပွားရေးနည်းနဲ့
သူ့နည်းနဲ့ သူ့အရေး
ဖြေရှင်းပေးမှ နည်းလမ်းကျမယ်။
**လောကီဓလေ့ ဘုံတခွင်ဟာ
တောမှီရသေ့ရဲ့ ပုံပြင် မဟုတ်ပါချေ။ ။
** တင်မိုး **
(၁၁၊ ဇူလိုင်လ၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
**လူကြီးဖြစ်လာမှတော့
အပြစ်ဟူသမျှ လျစ်လှူရှု
အချစ်မူတွေစုပြီး ခွင့်လွတ်တော့
လွတ်မြောက်မှု စခန်း
ဘယ်မှာ ကြိုးပမ်းတော့မှာလဲ။
**အပြစ်ကို မှန်းပေမယ့်
အပြစ်ရှိသူ အားလုံးကို
အမုန်းမရှိ
နှလုံးသားမှာ အမုန်းမပွား
အပြုံးများနဲ့တောင် ကြည့်နိုင်သတဲ့။
**သံသရာထဲမှာ
ရန် ငါ မကွဲသမျှတော့
ခံရမှာပဲ ကွယ်။
**အပြစ်တွေ့သမျှ
အချစ်ငွေ့နဲ့ ဖုံး
အမုန်း အတေးကိုလဲ
အပြုံးကလေးနဲ့ သည်းခံ
အကျည်းတန်သမျှ အလှဆင်
အဲဒါ မြင့်မြတ်တဲ့ သူတော်စင်။
**လူ့ခွင် တလွှားမှာ
ပုထုဇဉ် သမားပေမို့
တရားကို မတရား
မတရားကို တရား မလုပ်နိုင်။
**အမှားကို အမှန်
တရားခံကို တရားလို မလုပ်နိုင်။
**အဖြူကို အမဲ
ပုလဲကို မဟူရာ မလုပ်နိုင်။
**လောကီရေးကိုတော့
လောကီရေးလို့ပဲ ရှုရမှာပဲ
တောမှီအတွေးနဲ့တော့ မယှဉ်လေနဲ့။
**နိုင်ငံရေး အလုပ်ဆိုတာ
ဥပုသ်စောင့်တာ မဟုတ်
တရားထိုင်တာ မဟုတ်
မေတ္တာပို့တာ မဟုတ်။
အမှန်ရောက်အောင်
ထွင်းဖေါက် ဖြေရှင်းခြင်းသာ ဖြစ်တယ်။
**လူကြီးဖြစ်လာမှတော့
ပုတီးကိုင်ချင်သလိုလို ဖြစ်တတ်တယ်။
**စိပ်ပုတီးနဲ့ ပေါက်ရင်
အားလုံးပဲ ပပျောက်နိုင်တယ် ဆိုတဲ့
ဘိုးတော်လက်ကိုင် ဘိုးတော်ဝါဒနဲ့
ဘာကိုမျှ မကုစားနိုင်ပါ။
**အမျှဝေ ကြေးစည်ထုပေမယ့်
သာဓု မခေါ်နိုင်သူတွေ အနန္တ။
**နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့
စစ်ရေးကို စစ်ရေးနည်းနဲ့
သံတမန်ရေးကို သံတမန်ရေးနဲ့
စီးပွားရေးကို စီးပွားရေးနည်းနဲ့
သူ့နည်းနဲ့ သူ့အရေး
ဖြေရှင်းပေးမှ နည်းလမ်းကျမယ်။
**လောကီဓလေ့ ဘုံတခွင်ဟာ
တောမှီရသေ့ရဲ့ ပုံပြင် မဟုတ်ပါချေ။ ။
** တင်မိုး **
(၁၁၊ ဇူလိုင်လ၊ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
No comments:
Post a Comment