(ဘာလင်၊ ဇူလိုင်လ ၁၂-ရက်)
ကမ္ဘာကျော် ရှေ့ဖြစ်ဟော ဆရာဖြစ်သော `ရေဘ၀ဲကြီး ပေါလ်´သည် ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲ၊ ပွဲစဉ်အချို့ကို အောင်မြင်စွာခန့်မှန်းပေးပြီးနောက် အနိုင်ပိုင်းကာ အလုပ်မှ အနားယူတော့မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၂-ရက်နေ့ထုတ် သတင်းများတွင် ဖော်ပြသည်။ ပေါလ်သည် ရှေ့ဖြစ်အလုပ်မှ အနားယူပြီးနောက် ၄င်း၏ မူလအလုပ်ဖြစ်သော `ကလေးများအား ပျော်တော်ဆက်လုပ်ငန်းခွင်´သို့ ပြန်လည် ၀င်ရောက်မည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံ အဏ္ဏ၀ါပြတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပေါလ်သည် စပိန်နှင့် နယ်သာလန်(ခ)ဟော်လန် တို့၏ ဗိုလ်လုပွဲစဉ်အပါအ၀င် ဂျာမနီအသင်းကစားခဲ့သော ပွဲစဉ်တိုင်းကို အားလုံးမှန်ကန်အောင် ခန့်မှန်းပေးခဲ့သည်။ ထို့အတွက်ကြောင့် ၄င်းအားဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဖလားနှင့် ပုံတူဆု ဖလားတစ်လုံးကို ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။ ထို့အတူ စပိန်နိုင်ငံသား လုပ်ငန်းရှင်တစ်ဦးကလည်း ၄င်းအား စတာလင်ပေါင် (၃၀၀၀၀)ပေးပြီး ၀ယ်ယူမွေးမြူရန် ကမ်းလှမ်းခဲ့သည်။ ဂျာမနီနိုင်ငံ အဏ္ဏ၀ါပြတိုက်က
ငြင်းဆန်ခဲ့သည်ဟုဆိုသည်။ သို့ရာတွင် ပေါလ်အား မလိုလားသူ တချို့က `ဂျပန်ရိုးရာပင်လယ်အစားအစာဖြစ်သော (ဆူရှီ)ဟင်းလျာအဖြစ် ချက်စားမည်´ဆိုသည့် ခြိမ်းခြောက်စာများကိုမူ အီးမေးလ်မှတဆင့် အဏ္ဏ၀ါပြတိုက်က ရရှိခဲ့သည်။ (အင်တာနက်)
** အင်ဒိုနီးရှား ကမ်းလွန်ရေအောက်၌ မီးတောင်တွေ့ **
အင်ဒိုနီးရှားကမ်းလွန် ရေအောက်ပေ ၁၀၀၀၀-ခန့် ကြမ်းပြင်တွင် ရေအောက်မီးတောင်တစ်လုံးကို သုတေသနပညာရှင်များက ဇူလိုင်လ ၁၃-ရက်နေ့၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဆက်လက်လေ့လာမှုများ ပြုလုပ်နေကြောင်း အင်ဒိုနီးရှားသုတေသနပညာရှင်များက ပြောကြားသည်။ (အင်တာနက်)
** ချီလီမြောက်ပိုင်း၌ အင်အားပြင်းငလျင်လှုပ် **
ချီလီနိုင်ငံမြောက်ပိုင်း ကမ်းလွန်တွင် ဇူလိုင်လ ၁၃-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၂-ရှိ ငလျင်လှုပ်ခဲ့ကြောင်း ငလျင်လှုပ်မှုကြောင့် ကာလာမာမြို့တွင် နေအိမ်အဆောက်အအုံများ ယိမ်းထိုးလှုပ်ခါသွားခဲ့ကြောင်း ထိခိုက်သေဆုံးမှုမရှိကြောင်း ချီလီအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ရေနံဈေးနှုန်းများ အိုပက်ထိန်းချုပ်မည်ဟုဆို **
ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းများမတက်စေရန် ထိန်းသိမ်းမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၃-ရက်နေ့၌ ကမ္ဘာ့ဈေးကွက်တွင် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၆၃ ဒေါ်လာအထိသာရှိနေကြောင်း ရေနံရောင်းနိုင်ငံများအဖွဲ့ (အိုပက်)အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်း ပြန်တက် **
ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဈေးနှုန်းများ ပြန်တက်လျက်ရှိရာ ဂျပန်နိုင်ငံ တိုကျိုငွေကြေးဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၈၈ ယန်းအထိဖြစ်ခဲ့ကြောင်း ဂျပန်ငွေကြေးအရာရှိများက ဇူလိုင်လ ၁၃-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ကမ္ဘာကျော် ရေဘ၀ဲကြီးပေါလ်၊ ရှေ့ဖြစ်ဟောဆရာအဖြစ်မှ အနားယူပြီ **

No comments:
Post a Comment