ဒေးဗစ်ဖလားတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဆားဗီးယားအသင်းမှ နိုဗက်ခ်ဒီဂျိုကိုဗစ်သည် ပြိုင်ဘက်အသင်း ခရိုအေးရှားမှ မာရင်စီလီအား ၆-၃၊ ၆-၃၊ ၆-၂၊ ဖြင့် အနိုင်ရရှိပြီး ပထမဦးဆုံးအကြိမ်ဖြစ် ဒေးဗစ်ဖလားတင်းနစ်ပြိုင်ပွဲအကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ (အင်တာနက်)
** ဒေးဗစ်ဖလားတင်းနစ်ပြိုင်ပွဲ ပြင်သစ် အကြိုဗိုလ်လုပွဲတက် **
ဒေးဗစ်ဖလားတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ်အသင်းမှ မိုက်ကယ်အယ်လ်လိုဒရာနှင့် ဂျူလီယန်ဘင်နီတီယူတို့သည် လက်ရှိချန်ပီယံ စပိန်အသင်းမှ ဖာနန်ဒိုဗာဒက်စ်ကိုနှင့် ဖယ်လီစီယာနိုလိုပက်ဇ်အား ၆-၁၊ ၆-၂၊ ၆-၇၊ (၆-၈)၊ ၇-၆၊ (၇-၅)ဖြင့် အနိုင်ရရှိပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ (အင်တာနက်)
** အိုင်ယာလန် ပြေးခုန်ပစ်အသင်း၌ စမိုက်သ်နှင့် ဖော်စတာပါဝင် **
လာမည့် ဇူလိုင်လ ၂၇-ရက်နေ့မှ သြဂုတ်လ ၁-ရက်နေ့အထိ စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ကျင်းပမည့် ဥရောပချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အိုင်ယာလန်အသင်းအတွက် ပြေးခုန်ပစ်အားကစားသမားနှစ်ဦးဖြစ်သည့် ဂျာဆန်စမိုက်သ်နှင့် အေမီဖော်စတာတို့ကို ထည့်သွင်းရွေးချယ်ထားသည်ဟု ဆိုသည်။ (အင်တာနက်)
** မန်စီးတီးသို့ ပြောင်းရွှေ့ခွင့်ရမည်ဟု ဒီဇီကိုယုံကြည် **
ဝုဖ်ဘတ်တိုက်စစ်မှူး အီဒင်ဒီဇီကိုက ၄င်း၏ အသင်းအနေဖြင့် ပြောင်းရွှေ့ကြေးကို မန်းစီးတီးအသင်းအား ပေါင်သန်း ၅၀-တောင်းထားမှုကို လျှော့ချပြီး ၄င်းအား မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခွင့်ပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ (အင်တာနက်)
** ခံစစ်မှူး ကိုအင်ထရာအိုအား ခေါ်ယူရန် ချဲလ်ဆီး စီစဉ် **
ချဲလ်ဆီးအသင်းသည် ရီးရဲမက်ဒရစ်အသင်းသို့ ခံစစ်မှူး အက်ရှ်လေကိုးလ်ပြောင်းရွှေ့ခဲ့ပါက ၄င်း၏ နေရာတွင် အစားထိုးရန်အတွက် အသက် ၂၂-နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ဘင်ဖီကာအသင်း ဘယ်နောက်ခံလူ ဖာဘီယိုကိုအင်ထရာအိုအား ခေါ်ယူရန် စီစဉ်နေသည်။ (အင်တာနက်)
** ကာကာအား ခေါ်ယူလိုကြောင်း အန်ဆယ်လော့တီ ဖွင့်ဟ **
ချဲလ်ဆီးအသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီသည် ရီရဲမက်ဒရစ်အသင်းမှ ဘရာဇီးကွင်းလယ်ကစားသမား ကာကာအားခေါ်ယူလိုသည်ဟု ဖွင့်ဟပြောကြားခဲ့ကြောင်း၊ သို့သော်လည်း ကာကာအား ခေါ်ယူနိုင်ရေး အခွင့်အလမ်းမှာ အမှန်တကယ် နည်းပါးနေသည်ဟု ၀န်ခံပြောကြားခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** ဘာစီလိုနာနှင့် ဆွေးနွေးရေး ၀င်းဂါးငြင်းပယ် **
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် တောင်အာဖရိကတွင် ရှိစဉ် အာဆင်နယ်ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်၏ ပြောင်းရွှေ့ရေးကို ဘာစီလိုနာအသင်းနှင့် ဆွေးနွေးရန် ငြင်းပယ်သည်။ (အင်တာနက်)
** ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ တောရက်စ် ဒဏ်ရာရရှိ **
ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့သည့် စပိန်အသင်းမှ လီဗာပူးတိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်သည် ဇွန် ၁၂-ရက်နေ့က နယ်သာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားစဉ် ပေါင်ခြံဒဏ်ရာရရှိခဲ့မှုကြောင့် ပရီးမီးယားလိဂ်ရာသီ၏ ပထမလ ပွဲစဉ်များနှင့် လွဲချော်ဖွယ်ရှိကြောင်း ၄င်းသည် ဒူးဒဏ်ရာသက်သာလာသည်မှာ မကြာသေးသော ကာလအတွင်းမှာပင် ယင်းဒဏ်ရာ ထပ်မံရရှိခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** စင်္ကာပူပြေးခုန်ပစ်ပြိုင်ပွဲတွင် ဗြိတိန်အသင်းကို ဟွန်ဒါလေ ဦးဆောင်မည် **
လာမည့် သြဂုတ်လ ၁၄-ရက်နေ့မှ ၁၆-ရက်နေ့အထိ စင်္ကာပူနိုင်ငံ၌ ကျင်းပမည့် ပထမဆုံးအကြိမ် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲတွင် အဖွဲ့ဝင်အင်အား ၄၀-ဖြင့် တောင့်တင်းစွာ ဖွဲ့စည်းထားသော ဗြိတိန်ပြေးခုန်ပစ်အသင်းကို ပေကျင်းအိုလံပစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆွတ်ခူးခဲ့သူ ဟွန်ဒါလေက ဦးဆောင်မည်ဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-ချစ်စိုးနိုင် **
** ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲ ဆားဗီးယား အကြိုဗိုလ်လုပွဲတက်ရောက် **

No comments:
Post a Comment