ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 20, 2010

20July,10// ငွေစမြင်မှ ကြင်တတ်သည်

> **(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**
ဗန်းမော်ဆရာတော်သည် ကျမ်းဂန်နှံ့စပ်သလောက် စာချိုးကောင်းသည်။ လောကုတ်လောကီနှစ်လီသောဗဟုသုတလည်း ကြွယ်သည်။ စာဝါပို့ချမှု အောင်မြင်သလို ပြောစရာရှိလျှင် ဒိုးဒိုးဒေါက်ဒေါက် ပြောချတတ်သည်း။
ပြောရာဟောရာတွင်လည်း ထက်ထက်မြက်မြက် ရှိသကဲ့သို့ နာသူပရိသတ်တို့ ရွှင်ပျော်ကြည်နူးအောင် ပြောဟောတတ်ပေသည်။
တစ်နေ့သော်… ပွဲစားတစ်ဦး ဆရာတော့်ထံ ရောက်လာသည်။ ဖူးမြော်ကန်တော့သည်။
“အရောင်းအ၀ယ်များ ကောင်းရဲ့လား ပွဲစားကြီးရဲ့”
“အသင့်အတင့်ပါပဲ ဘုရား”
“လူ့ဘောင်မှာနေရင် လူ့ဘောင်မှာ အောင်မြင်အောင် ကျင့်၊ စီးပွားရေးကောင်းအောင် ရှာရမှာပဲ ဒကာ”
“တင်ပါ့ ဘုရား”
“စီးပွားမရှာနိုင်လို့ကတော့ သူတစ်ပါးမပြောနဲ့ ကိုယ့်မယားကတောင် မရိုသေချင်ဘူးကွယ့်”
“မိန့်တော်မူပါဦး ဘုရား”
“တစ်ခါက ရွာတစ်ရွာမှာ လက်လုပ်လက်စား လင်မယားနှစ်ယောက် ရှိကြတယ်။”
ဆရာတော်က ပုံပြင်ကို စပြောသည်။

“ရှင်ကတော့ ဘာမှ မပူတတ်ဘူး။ ဒီလို အေးတိ အေးစက်နေလို့ ဖြစ်မလား။ ကြည့်ဦး… စားရတာကလဲ တလုတ်တဆုပ်၊ မသေရုံတမယ်၊ သူများ မယားတွေကြည့်စမ်း။ ရွှေတွဲလဲ ငွေတွဲလဲနဲ့ စားရတော့လဲ ကောင်းကောင်းမွန်မွန်၊ ၀တ်ရတာလဲ သားသားနားနား၊ ရှင့်ယူမိတာ ကျမတော့ မှားတာပဲ။”
မှတ်ချက်။ ။ လောကနီတိလာမိန်းမတို့ ပျက်စီးခြင်း အကြောင်းရင်းကိုးပါး။
၁။ ။ မိမိတစ်ယောက်တည်း လှည့်လည်သွားလာနေထိုင်ခြင်း၊
၂။ ။ လင်ကို ပစ်ထားကာ မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊
၃။ ။ လူများစွာ စုဝေးတတ်သောအရပ်သို့ သွားလာထွက်ဝင်တတ်ခြင်း၊
၎။ ။ ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊
၅။ ။ ယောင်္ကျားပုဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊
၆။ ။ အမြဲ ပြုဖွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊
၇။ ။ လင်ယောင်္ကျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊
၈။ ။ လင်ယောင်္ကျား ၃-၄ လ ကင်း၍ နေခြင်း၊
၉။ ။ ၀တ်စားဖွယ်ရာ ဥစ္စာချို့တဲ့ခြင်း၊
လင်ဖြစ်သူ အေးသလောက် မိန်းမဖြစ်သူက ဆူညံ ပူညံနိုင်သည်။ အလိုလောဘနည်းပြီး စီးပွားရေး ဖြစ်ထွန်းအောင် မကြိုးပန်းနိုင်သော ယောင်္ကျားကို အမြဲတစေ နိမ့်ချပြောဆိုသည်။ ရန်စကားဆိုသည်။ နိုင်လိုမင်းထက်စကား ဆိုသည်။
စီးပွားရေးအဆင်မပြေလေလေ တကျက်ကျက် ရန်ဖြစ်လေ ဖြစ်သည်။ ကြာသောအခါတွင် လင်ဖြစ်သူလည်း စိတ်ညစ်၍လာသည်။ သို့နှင့် စီးပွားရှာရန် တနယ်တကျေးသို့ ထွက်ခဲ့သည်။
တစ်နယ်တစ်ကျေးတွင်လည်း အလုပ်အကိုင် အဆင်မပြေ၊ ပင်လည်း ပင်ပန်းသည်။ ငှက်ဖျားလည်း မိသည်။ သို့နှင့် ရွာသို့ ပြန်ခဲ့ရတော့သည်။ ရွာရှိ အိမ်သို့ ပြန်ရောက်သည်တွင် အိမ်ပေါ်သို့ပင် မတက်နိုင်ဘဲ အိမ်ရှေ့တံခါးပေါက်တွင်ပင် လဲကျ၍ နေလေသည်။ လဲကျသံကို မယားဖြစ်သူက ကြား၍ ထွက်လာသည်တွင် လဲနေသော လင်ကို တွေ့သည်။
“ရှင့်ဟာကဘယ်လိုလဲ၊ ငွေရှာသွားပါဆိုတာ၊ တစ်ရပ် တစ်ကျေးသွားပြီး ရောဂါရှာလာတယ်ပေါ့။ ကျမတော့ သေချင်တော့တာပဲ။ ရှင့်လုပ်စာ မစားရတဲ့အပြင် ရှင့်ရောဂါ ကုရဦးမယ်။ အမယ်လေး… ဆေးဖိုးကုန်ဦးတော့မှာပဲ… ဟီး…။ မိန်းမသားကို ဘာမှညှာတာရကောင်းမှန်းမသိဘူး”
မိန်းမဖြစ်သူက လင်ကို မထူမပွေ့သည်အပြင် ခါးထောက်ကာ၊ လက်ညှိုးငေါက်ငေါက်ထိုးကာနှင့် မြည်တွန်တောက်တီး၍ နေလေသည်။ ထို့ပြင် လင်ကို ကျော်ခွကာ အောက်သို့ ဆင်းသွားလေသည်။
လင်ဖြစ်သူမှာ မိန်းမကို မကျေနပ်လှပါ။ အကြင်နာတရားခေါင်းပါးသော မိန်းမကို နာကြည်းသော်လည်း မိမိအခြေအနေအကြောင်းတရားနှင့် မိမိကျိတ်မှိတ်သည်းခံ၍ နေရလေသည်။
ထိုသို့နှင့် လင်ဖြစ်သူ ကျန်းမာ၍လာသည်။ မိန်းမဖြစ်သူမှာလည်း စီးပွားရှာရန်သာ နိစ္စဓူဝ ပြောဆိုမြည်တွန်လျက်ရှိသည်။ လင်ဖြစ်သူလည်း နားပူ၍ လာသည်။ ထို့ကြောင့် တစ်နယ်တစ်ကျေးသို့ ထွက်ခဲ့ပြန်သည်။ ကြိုးစား၍ စီးပွားရှာသည်။ ကာလအတန်ကြာသောအခါ ၀ါးကျည်တောက်စုဘူးကြီး ပြည့်အောင်ပင် စုနိုင်ခဲ့လေသည်။
ရွာသို့ ပြန်ရောက်သည်။
ငွေများများပါလာခဲ့လျှင် မည်သို့မျှ ဆက်ဆံလေမည်နည်း ဟူ၍ အကဲစမ်းချင်သည်။ ထို့ကြောင့် ပထမ အခေါက်တုန်းက ကဲ့သို့ပင် ဖျားလေဟန်ဆောင်သည်။ အိမ်ပေါက်ဝတွင်ပင် လှဲချသည်။ တဟီးဟီး အဖျားတက်ချင်ဟန် အော်ညည်းသည်။
ဖျားပြီးလဲနေသော လင်ကို မိန်းမက မြင်တွေ့သည်။ ထုံးစံအတိုင်း ဆူညံပူညံ လုပ်သည်။ ထမင်းချက်ဆဲ တန်းလန်းဖြစ်၍ ထင်းကိုဆင်း၍ ယူသည်။ ယခင်ကအတိုင်းပင် လင်ကို ကျော်ခွ၍ ဆင်းသည်။
“ရှင့်ကို လင်တော်ရတာ လူနာပြုစုဖို့ ကျနေတာပဲ။ ရှင်လူစွမ်းလူစမရှိလို့ အိမ်မှာ ထင်းတောင် အလျင် မီမီ မရှိဘူး။”
ိုထိုသို့ပြောရင်း လင်ကို ခွကျော်ကာ အိမ်ပေါ်သို့ တက်ပြန်သည်။ ဤတွင် လင်ဖြစ်သူက-
“ငါက ငွေမရှာနိုင်ပေမယ့် ဟောဒီမှာ မင်းလောလောဆယ် ထင်းဆိုက်ဖို့ ၀ါးတော့ပါခဲ့တယ်။ အဲဒါ ခွဲလိုက်ပေါ့ကွာ”ဟူ၍ ပြောရင်း ၀ါးစုဘူးကို ပစ်၍ ပေးသည်။
ဝါးစုဘူးထဲက ငွေသံ ထွက်၍လာသည်။ ၀ါးလုံးကို ယူလိုက်သည်တွင် များစွာ လေးလံလျက်ရှိသည်။ မိန်းမဖြစ်သူလည်း ၀ါးလုံးမှာ ထူးခြားနေသဖြင့် ဓားနှင့် ချက်ချင်းခွဲကြည့်သည်။ ငွေဒင်္ဂါးများ ဖွေးခနဲ ထွက်ကျလာသည်။ မယားဖြစ်သူ၏ မျက်နှာမှာ ၀င်းပ၍ သွားသည်။ ငွေဒင်္ဂါးများကို သိမ်းဆည်းပြီးနောက် လင်ရှိရာသို့ ထွက်လာသည်။
မယာဖြစ်သူ၏ မျက်နှာမှာ အချိုပေါ် သကာလောင်းထားသကဲ့သို့ ရှိသည်။ လင့်အပါးသို့ ရိုသေစွာ ချဉ်းကပ်သည်။
“ဘာလဲ အောက်ဆင်းမလို့လား ကျော်သွားပါ၊ ခါတိုင်းလိုပဲ ကျော်ခွသွားပါ။”
“အို… မတော်တာဘဲ ရှင်ရယ်”
“လုပ်မနေစမ်းပါနဲပကွာ၊ ခါတိုင်းလဲ ကျော်သွားနေတာပဲဟာ၊ ငါကဖျားနေလို့ ထမှ မထနိုင်ဘဲ။”
“ဒီလိုမပြောပါနဲ့ ရှင်ရယ်။ ကျမ မကျော်ရဲပါဘူး ငရဲငအုံတွေကြီးကုန်ပါ့မယ်။ သူများတွေ မြင်ရင်လဲ မသင့်တော်ပါဘူး။ လာ.. လာ ကျမထူပေးပါ့မယ်။”
လင်သားဘေးမှာ ရိုရိုသေသေထိုင်၊ တယုတယဖေးမပြီး လင်ဖြစ်သူကို အိမ်တွင်းသို့ ကူတွဲဖေးမခေါ်ယူသည်။
“အဲဒါကြည့်တော့ ဒကာကြီးရေ၊ ငွေမရှိရင် လင်မယားအရင်းခေါက်ခေါက်ချင်းတောင် အကြင်နာတရား မဲ့တတ်တယ်။ အရိုအသေ ကင်းတတ်တယ်။ အရွယ်ကောင်းတုန်း တရားသဖြင့် ငွေရအောင် စီးပွားတတ်အောင် ကြိုးစားပေတော့။ အိမ်း… ငွေစမြင်မှ ကြင်တတ်တယ်ဆိုတာ မမေ့နဲ့ ဒကာ”
“မှန်လှပါ ဘုရား”
ပွဲစားကြီးက ဗန်းမော်ဆရာတော်ကို ရိုသေစွာ ကန်တော့ပြီးနောက် တရားသဖြင့် စီးပွားရှာမည်ဖြစ်ကြောင်း ကတိပေးပြီး ထွက်ခွာ၍ သွားသည်။
ပွဲစားကြီး၏ ရင်တွင်းက “ငွေစမြင်မှ ကြင်တတ်သည်”ဟူသော စကားသံသည် ပဲ့တင်ထပ်လျက် ပါရှိလာလေသည်။

** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)

**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)