တက်ဆက်ပြည်နယ်က မြင်းစီး နွားကျောင်းသား(ကောင်းဘွိုင်)တစ်ယောက်ဟာ သူ့လက်ထဲမှာ စက္ကူတစ်ရွက်ကိုင်ပြီး အရက်ဆိုင်တစ်ဆိုင်ထဲ ၀င်လာတယ်။ ဘာစာရွက်ကိုင်လာတာလဲလို့ လူတွေကမေးကြတယ်။
“ကြာပွတ်နဲ့ ရိုက်ရမဲ့လူတွေ စာရင်းပါ”
“စာရင်းထဲမှာ ငါ့နာမည်ပါလား”ဗလကောင်းကောင်းနဲ့ ကောင်းဘွိုင်တစ်ယောက်က မေးကြည့်တယ်။
“ပါတယ်”
“ဒါပေမယ့် မင်း ငါ့ကို ရိုက်လို့မရပါဘူး”
“သေချာလား” ၀င်လာတဲ့ ကောင်းဘွိုင်က မေးတယ်။
“သိပ်သေချာတာပေါ့ကွာ”
“ဒီလိုဆိုလဲ မင်းနာမည်ကို စာရင်းထဲက ငါဖျက်လိုက်မှာပေါ့”
** မြဟန်သိန်းမောင် **
** (နိုင်ငံတကာ ရယ်စရာဟာသများမှ) **
** (နိုင်ငံတကာ ရယ်စရာဟာသများ)**

No comments:
Post a Comment