မှောင်မိုက်နေတဲ့ ညတစ်ညမှာ- သင်္ဘောကပ္ပတိန်ဟာ သူ့သင်္ဘော ဦးတည်ခုတ်မောင်းနေရာ လမ်းကြောင်း ရှေ့တည့်တည့်မှာ ငြိမ်သက်နေတဲ့ မီးရောင်တစ်ခုကို တွေ့လိုက်ရတယ်။ ဒီတိုင်းဆက်လာနေရင် သူ့သင်္ဘောနဲ့ တိုက်တော့မှာ….
“ရေလမ်းကြောင်း အရှေ့ ၁၀ ဒီဂရီရွှေ့ပါ” ဆိုပြီး အချက်ပြပို့လိုက်တယ်။
ရှေ့ကရှိတဲ့ အလင်းရောင်ဆီက “မင်းသင်္ဘောကို အနောက် ၁၀ ဒီဂရီရွှေ့ပါ” လို့ အချက်ပြန်လာတယ်။
သင်္ဘောကပ္ပတိန် စိတ်ဆိုးသွားတယ်။ ထပ်ပြီး အချက်ပြ ပို့လိုက်တယ်။
“ငါ… ရေတပ်က ကပ္ပတိန်တစ်ယောက်ပါ။ မင်းလမ်းကြောင်း ပြောင်းပေးပါ။”
“ကျွန်ုပ် ဒုတိယတန်း သင်္ဘောသားတစ်ယောက် ဖြစ်ပါတယ်။ ကပ္ပတိန်ရဲ့ လမ်းကြောင်း ပြောင်းပေးပါ။”
အဲဒီအခါမှာ သင်္ဘောကပ္ပတိန်ဟာ ဒေါသ ပိုထွက်သွားတယ်။
“ငါ စစ်သင်္ဘောကွ၊ လမ်းကြောင်းမပြောင်းနိုင်ဘူး။”
ရှေ့ကမီးရောင်က နောက်ဆုံးပြန်ကြားလိုက်တယ်။
“ကျွန်ုပ် မီးပြ တိုက်ကပါ။”
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စရာဟာသများမှ)
**(နိုင်ငံတကာ ရယ်စရာဟာသများ)**

No comments:
Post a Comment