(လော့အိန်ဂျလိစ်၊ ဇူလိုင်လ ၁၈-ရက်)
ကမ္ဘာ့ပြည်သူသုံးပုံနှစ်ပုံ ဗီတာမင်ဒီချို့တဲ့လျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြပါရှိသည်။ မြောက်အမေရိကတိုက်နှင့် အနောက်ဥရောပမှ ပြည်သူထက်ဝက်ခန့်မှာ ဗီတာမင်ဒီချို့တဲ့ပြီး ကမ္ဘာ့အခြားဒေသများမှ ပြည်သူများမှာ ပိုမိုဆိုးရွားကြောင်း ဗီတာမင်ဒီနှင့် စပ်လျဉ်း၍ နိုင်ငံတကာ ကျွမ်းကျင်သူနှင့် ကယ်လီဖိုးနီးယားတက္ကသိုလ် ဇီဝဓာတုနှင့် ဇီဝဆေးဝါး သိပ္ပံဂုဏ်ထူးဆောင် ပါမောက္ခအင်သိုနီနော်မန်က ပြေကြားသည်။ (ဆင်ဟွာ)
** စင်္ကာပူတွင် မိုးသည်းထန်ပြီး ရေလွှမ်း **
(စင်္ကာပူ၊ ဇူလိုင်လ ၁၈-ရက်)
စင်္ကာပူနိုင်ငံအရှေ့ပိုင်းတွင် ဇူလိုင်လ ၁၈-ရက်နေ့ နံနက်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့ရာ ဒေသခံများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း စင်္ကာပူအရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ရိုမေးနီးယားတွင် လေကြောင်းပြပွဲကျင်းပ **
ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့တွင် ဇူလိုင်လ ၁၈-ရက်နေ့က လေကြောင်းပြပွဲ ကျင်းပခဲ့ရာ ရဟတ်ယာဉ်အစင်း ၆၀-ကျော်ပါဝင်ဆင်နွဲခဲ့ကြကြောင်း၊ စစ်ဘက်နှင့် အရပ်ဘက်သုံး လေယာဉ်များလည်း ပါဝင်ကြောင်း ရိုမေးနီးယားအရာရှိများက ဇူလိုင်လ ၁၈-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အလာစကာ ပြည်နယ်ကမ်းလွန်တွင် အင်အားပြင်း ငလျင်လှုပ် **
အမေရိကန်နိုင်ငံ အလာစကာပြည်နယ်ကမ်းလွန်တွင် ဇူလိုင်လ ၁၈-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၇-ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်းမရှိကြောင်း အမေရိကန် မိုးလေ၀သဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဗီယက်နမ်တွင် မုန်တိုင်းဝင်ရောက်တိုက်ခတ် **
ဗီယက်နမ်နိုင်ငံ ဟိုဖွန်မြို့မြောက်ပိုင်း ဒိုဆန်ကမ်းခြေဒေသသို့ ဇူလိုင်လ ၁၈-ရက်နေ့ နံနက်က ကွန်ဆန်မုန်တိုင်း ၀င်ရောက်တိုက်ခတ်ရာ ဒေသခံရှစ်ဦးပျောက်ဆုံးပြီး နေအိမ်အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း၊ ကမ်းခြေသို့ ကြီးမားသောရေလှိုင်းကြီးများ ရိုက်ခတ်ခဲ့ကြောင်း ဗီယက်နမ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ရေနံဈေးနှုန်း ကူဝိတ်ထိန်းညှိထားမည် **
ကမ္ဘာ့ဈေးကွက်တွင် ရေနံဈေးနှုန်းမတည်မငြိမ်ဖြစ်နေမှုကို ထိန်းသိမ်းရန် ကူဝိတ်နိုင်ငံက ရေနံထုတ်လုပ်မှုကို ကြပ်မတ်ဆောက်ရွက်သွားမည်ဖြစ်ပြီး ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၀-ခန့် သာရှိနေစေရန် ကြိုးစားသွားမည်ဟု ကူဝိတ်စွမ်းအင်ရေးရာဝန်ကြီးဌာနက ဇူလိုင်လ ၁၈-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ကမ္ဘာ့ပြည်သူ သုံးပုံနှစ်ပုံ ဗီတာမင်ဒီ ချို့တဲ့နေကြောင်း တွေ့ရှိရ **

No comments:
Post a Comment