ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, July 20, 2010

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

> ** ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် သုံးသော ဘောလုံး ဒေါ်လာ ၇၄၀၀၀ ဖြင့် လေလံအောင် **
(မက်ဒရစ် ဇူလိုင် ၁၈-ရက်)
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အသုံးပြုခဲ့သော ဘောလုံးကို အမေရိကန်ဒေါ်လာ ၇၄၀၀၀ ဖြင့် စပိန်ပရိသတ်များက ၀ယ်ယူသွားပြီဖြစ်သည်။ အဆိုပါဘောလုံးကို တောင်အာဖရိက အွန်လိုင်းစနစ်ဖြင့် လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ ယင်းဘောလုံးကို ဂျာဘူလာနီက ဒီဇိုင်းတီထွင် ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အသုံးပြုသော ဘောလုံးများအားလုံးကို ဂျာဘူလာနီက ဒီဇိုင်းထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းဘောလုံးများကို အက်ဒီးဒက်စ်ကုမ္ပဏီက ထုတ်လုပ်ပေးခဲ့ကြောင်း၊ ဘောလုံးအားလုံးကို နည်းစနစ်မှန်ကန်စွာ ထုတ်လုပ်ခဲ့ကြောင်း ၄င်းကုမ္ပဏီက ပြောကြားသည်။ (အင်တာနက်)

** စပါးသို့ ဖာဘီယာနိုပြောင်းရွှေ့ရေး ဆွေးနွေး **
စပိန်လာလီဂါအသင်းဆီဗီလာမှ ဘရာဇီးလက်ရွေးစင်အသင်း တိုက်စစ်မှူး ဖာဘီယာနိုသည် ပရီမီးယားလိဂ်အသင်းစပါးသို့ ပြောင်းရွှေ့ရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ (အင်တာနက်)

** ဘာကာနှင့် အက်ဒရီယာနို လေးနှစ်စာချုပ် **
ဆီဗီလာအသင်းမှ အသက် ၂၅-နှစ်ရှိ ဘရာဇီးကစားသမား အက်ဒရီယာနို ကော်ရီယာသည် ဘာစီလိုနာအသင်းနှင့် လေးနှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ရေးကို ပြီးပြတ်အောင် ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ၄င်းသည် ခံစစ်နှင့် ကွင်းလယ်နှစ်မျိုးစလုံး ကစားနိုင်သူဖြစ်ပြီး ဘာစီလိုနာက ပေါင် ၁၁ ဒသမ ၅-သန်းပေး ခေါ်ယူခဲ့ရဖွယ်ရှိကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)

** ဘာစီလိုနာတွင် ဆက်နေမည်ဟု အီဘရာဟင်မိုဗစ် ဖွင့်ဟ **
ဘာစီလိုနာတိုက်စစ်မှူး ဇလက်တန် အီဘရာဟင်မိုဗစ်သည် ဘာစီလိုနာအသင်းတွင်သာ ဆက်နေမည်ဟု ဖွင့်ဟပြောကြားလိုက်ခြင်းဖြင့် ပရီမီးယားလိဂ်သို့ ပြောင်းရွှေ့မည်ဟူသော ထင်ကြေးသတင်းများကို ပယ်ဖျက်ခဲ့သည်။ (အင်တာနက်)

** တောရက်စ်အား ပေါင်သန်း ၅၀-ပေးရန် ချဲလ်ဆီးဆုံးဖြတ် **
ချဲလ်ဆီးအသင်းသည် လီဗာပူးအသင်းမှ စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား ခေါ်ယူရေးကို အရှိန်မြင့်ကြိုးစားမည်ဖြစ်ပြီး ၄င်းအား အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀-ဖြင့် ကမ်းလှမ်း စာချုပ်ခေါ်ယူရန်ဆုံးဖြတ်ခဲ့သည်။ (အင်တာနက်)

** တိုက်စစ်မှူး မန်ဇူကစ်အား ခေါ်ယူရန် ဗီလာစဉ်းစားနေ **
အက်စ်တွန်ဗီလာအသင်းသည် ဒိုင်နမိုဇာဂရက်တိုက်စစ်မှူး မာရီယိုမန်ဇူကစ်အား ပေါင်ရှစ်သန်းဖြင့် ကမ်းလှမ်းခေါ်ယူရန် စဉ်းစားချင့်ချိန်နေသည်။ (အင်တာနက်)

** မီလ်နာအား ပေါင် ၂၅-သန်းပေးရန် မန်စီးတီးစီစဉ် **
မန်စီးတီးအသင်းသည် အက်စ်တွန်ဗီလာကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာအား အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅-သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေသည်။ (အင်တာနက်)

** မွန်ရိုးနှင့် နီရှီယိုကာ ယှဉ်ပြိုင်ထိုးသတ်မည် **
ဗြိတိန်နိုင်ငံ လီဆက်စတာမြို့မှ စူပါဘင်တန်လက်ဝှေ့သမား ရင်ဒေါမွန်ရိုးသည် လာမည့် အောက်တိုဘာလတွင် ဒဗလျူဘီစီချန်ပီယံ တိုရှီယာကီနီရှီယိုကာနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ယှဉ်ပြိုင်ထိုးသတ်ရမည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း တိုကျိုမြို့တွင် ယှဉ်ပြိုင်ထိုးသတ်မည့် ယင်းပွဲစဉ်ကို အောက်တိုဘာလကုန်တွင် ကျင်းပဖွယ်ရှိကြောင်း အသက် ၃၃-နှစ်ရှိ နီရှီယိုကာသည် ယင်းဒဗလျူဘီစီသရဖူကို ၂၀၀၉-ခုနှစ် ဇန်န၀ါရီလကတည်းက ရယူခဲ့ကာ သုံးကြိမ်ကာကွယ်ခဲ့ပြီးဖြစ်ကြောင်း ၄င်းသည် ပွဲပေါင်း ၄၃-ပွဲယှဉ်ပြိုင်ထိုးသတ်ရာတွင် ၃၆-ပွဲနိုင်၊ သုံးပွဲ သရေနှင့် လေးပွဲ ရှုံးနိမ့်ခဲ့သည့် မှတ်တမ်းရှိကြောင်း သိရသည်။ (အင်တာနက်)

** အင်္ဂလန်နည်းပြအဖြစ် ကမ်းလှမ်းမှု ဖာဂူဆန်ပယ်ချခဲ့ **
အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြအဖြစ် ကမ်းလှမ်းတာဝန်ပေးသည့် အခွင့်အရေးကို နှစ်ကြိမ်တိုင်ပယ်ချခဲ့ကြောင်း မန်ယူနည်းပြ ဖာဂူဆန်က ဖွင့်ဟပြောကြားခဲ့သည်။ (အင်တာနက်)

** စုစည်းဘာသာပြန်-ချစ်စိုးနိုင် **

** ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် သုံးသော ဘောလုံး ဒေါ်လာ ၇၄၀၀၀ ဖြင့် လေလံအောင် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)