မြေးဖြစ်သူ တက္ကသိုလ်ကျောင်းသူသည် သူ၏ သူငယ်ချင်း၏ တက္ကသိုလ်ကျောင်းသူတစ်ဦးကို အိမ်သို့ အလည်အပတ်ခေါ်လာကာ အဘိုးဖြစ်သူနှင့် တွေ့ဆုံမိတ်ဆက်ပေး၏။
မြေး။ ။ အဘိုးရေ… သူက ဒေါ်လီတဲ့ သမီးသူငယ်ချင်းပဲ။ သမီးနဲ့ အတန်းအတူတူပဲ၊ ကဲ… ဒေါ်လီ ဟောဒါ ကိုယ့်ရဲ့ အဘိုးပဲ၊ အသက်က ကိုးဆယ် ရှိပြီ´
ထိုအခါ အဘိုးဖြစ်သူက ကပျာကယာဝင်ပြောလိုက်သည်မှာ…
အဘိုး။ ။ `ဟဲ့… မြေးရဲ့၊ ဘယ်က အသက်ကိုးဆယ်ရှိရမှာလဲ၊ ပေါက်ပေါက်ရှာရှာ အခုမှ ကိုးဆယ်ထဲဝင်ရုံရှိပါသေးတယ်´ဟူ၏။
** စိန်ငှက်ရိုး **
(ယောင်္ကျားတို့ လောကဟာသများ)
**(ယောင်္ကျားတို့ လောကဟာသများ)**

No comments:
Post a Comment