ကိုယ်ဝန်ဆောင် ဆေးစစ်ခံသွားစဉ်က ဖြစ်ပါတယ်။ ကျမဟာ အသံလှိုင်းနဲ့ စစ်ဆေးခံရမှာမို့ သန္ဓေသားရုပ်ပုံကြည်ကြည်လင်လင် ပေါ်အောင်ဆိုပြီး ဆေးခန်းမလာမီ ရေအများကြီး သောက်ထားခဲ့ပါတယ်။ ကျမအလှည့်ကို စောင့်နေပါတယ်။ စောင့်နေတုန်းမှာ…
ဇနီးသည်နဲ့ အဖော်လိုက်လာတဲ့ အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့ကြည့်ရတာ ထိုင်လိုက်၊ ထလိုက်နဲ့ ဂနာမငြိမ်ဖြစ်နေတယ်။ ဘယ်လိုဖြစ်နေတယ် မသိဘူး။ သူ့ကို တွေ့သွားတဲ့ သူနာပြုဆရာတစ်ယောက်က ဘာများ ဖြစ်နေသလဲလို့ မေးမြန်းကြည့်တယ်။
`ဘာမျှမဖြစ်ပါဘူး… ကောင်းပါတယ်။´ လို့ အမျိုးသားက ပြန်ဖြေတယ်။ နောက်ပြီး အဲဒီအမျိုးသားက…
`
`ဆရာမတို့ သိကြမှာပါ။ ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခကို ရှင်တို့ နားမလည်ပါဘူးလို့ မိန်းမက ကျနော်ကို အမြဲတမ်းပြောပြနေတယ်။ ဒီလိုဆို မင်းဆီက ဒုက္ခတစ်ခုခုကိုတော့ ငါမျှယူနိုင်ပါတယ်ကွာဆိုပြီး တစ်ဖန်ခွက် အတူတူသောက်လာခဲ့ကြပါတယ်။ သူစမ်းသပ်လို့ မပြီးမချင်း ကျနော့်ကို အိမ်သာမသွားရဘူးလို့ မှာထားပါတယ်´ဆိုပြီး မသက်မသာနဲ့ ဆက်လက်ပြောပြပါတယ်။
** မြဟန်သိန်းမောင် **
(နိုင်ငံတကာ ရယ်စရာများ)
**(နိုင်ငံတကာ ရယ်စရာများ)**

No comments:
Post a Comment